ခေါင်မိုးအမြင့်ကြီးပေါ်က ကြိုးနဲ့ခုန်ချခဲ့တဲ့ လေဒီဂါဂါရဲ့ဖျော်ဖြေမှု ပရိဿတ်သဲသဲလှုပ်
08 Feb 2017 1,617 Views
Pepsi Zero Sugar Super Bowl ဖျော်ဖြေပွဲကြီးမှာ လေဒီဂါဂါတစ်ယောက် ဇာတ်ရုံခေါင်မိုး အမြင့်ကြီးပေါ်က သီချင်းဆိုရင်း ပရိဿတ်ရှိတဲ့ အောက်ကို ရဲရဲရင့်ရင့်ရင့်ခုန်ချခဲ့ပါတယ်။ ခန္ဓာကိုယ်မှာ ကြိုးတွေတပ်ထားခဲ့ပေမယ့် သူခုန်ချခဲ့တဲ့ အမြင့်ဟာ မနည်းပါဘူး။

စတိတ်စင်ပေါ်ရောက်မလာသေးပဲ နောက်ထပ် မျှော်စင်တစ်ခုပေါ်မှာ သီဆိုနေပြီးမှ ကြိုးနဲ့ပျံဝဲခုန်ဆင်းကာ အဖွဲ့နဲ့အတူ ဖျော်ဖြေခဲ့တဲ့ လေဒီဂါဂါရဲ့ တင်ဆက်ပုံကြောင့် ပရိဿတ်တွေ အရှုးအမူးဖြစ်ခဲ့ကြတာကို ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။





