YBS ယာဉ်လိုင်းများကို စောင့်ကြည့်ထိမ်းချုပ်ရန် ခေတ်မီ ICT စနစ် စတင်တပ်ဆင်
09 Feb 2017 1,606 Views

YBS ဘတ်စ်ကားလိုင်း စနစ်တွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်များကို စောင့်ကြည့်ထိန်းချုပ်နိုင်မည့် သတင်းဆက်သွယ်ရေးနည်းပညာ (ICT) အခြေခံသည့်စနစ်များကို စတင်တပ်ဆင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သတင်းရရှိသည်။
အဆိုပါနည်းပညာတွင် အွန်လိုင်းမှတစ်ဆင့် ကားရဲ့ ရောက်ရှိနေသောတည်နေရာ၊ မောင်းနေသောနှင်မိုင်နှုန်းများကို YRTA အဖွဲ့နှင့် ယာဉ်ပိုင်ရှင်များ အချိန်မရွေးသိရှိနိုင်ပြီး မှတ်တိုင်များတွင် ယာဉ်ရောက်ရှိမည့် အချိန်ကို အတိအကျသိနိုင်သကဲ့သို့ လက်မှတ်ငွေချေစနစ်ကိုလည်း သိရှိနိုင်မည်ဖြစ်သည်။
လက်ရှိတွင် ယာဉ်အစီးရေ (၁၀၀) ကို ဂျီပီအက်စ်စနစ် တပ်ဆင်ထားပြီး ယာဉ်ရောက်ရှိရာနေရာနှင့် မောင်းနှင်မိုင်နှုန်းတို့ကို ခေတ်မီထိန်းချုပ်ရေးစင်တာမှ သိရှိနိုင်မည်ဖြစ်သည်။ နောက်ထပ် ၃ လအတွင်း လက်မှတ်ရောင်းချစနစ်နှင့် အဆင့်မြင့် ဘတ်စ်ကားမှတ်တိုင်များ ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ဒါများ ခေါ်ယူနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
Source:မြစ်မခမီဒီယာ







