BEC-TERO TV

မြွေဟောက်ကို နမ်းနေတဲ့ ဓါတ်ပုံရိုက်နေစဉ် မြွေကိုက်ခံရ၍သေဆုံး

09 Feb 2017     1,784 Views


အန္ဒိယနိုင်ငံမှ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးဟာ အဆိပ်ပြင်းတဲ့ မြွေဟောက်ကို အနမ်းချွေတဲ့ ဓါတ်ပုံရိုက်ကူးရန် ကြိုးစားစဉ် မြွေကိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
 
 
ဆွန်နတ်မာထရီ ဟာ တိရိစ္ဆာန်ကူညီကယ်ဆယ်ရေးသမား တစ်ဦးဖြစ်ပြီး သူကိုယ်တိုင် ကယ်တင်ခဲ့ရတဲ့ မြွေပေါင်း အကောင် ၁၀၀ ကျော်ရှိခဲ့ပေမယ့် အမှားတစ်ချက်ကြောင့် အသက်ပေးသွားခဲ့ရခြင်းဖြစ်ပါတယ်။
 
 
သူဟာမြွေရဲ့ ဦးခေါင်းလေးကို အနောက်ဖက်ကနေ နမ်းဖို့ ကြိုးစားစဉ်မှာ မြွေက ရုပ်တစ်ရက် လည်ပြန်လှည့်ပြီး ပေါက်ချလိုက်တာဖြစ်ပါတယ်၊ အလျှင်အမြန်ရှောင်လိုက်လို့ မျက်နှာကို မပေါက်မိလိုက်ပေမယ့် သူ့ရဲ့ ရင်ဘတ်ကို မြွေစွယ်စိုက်ဝင် ပေါက်မိသွားခဲ့ပါတယ်။
 
 
သူဟာ နာဗီမွန်ဘိုင်းမှာရှိတဲ့ ဆေးရုံကို အမြန်သွားရောက်ခဲ့ပေမယ့်၊ အသကိရှင်ဖို့ ရုန်းကန်ရင် ၅ ရက်မြောက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
သူရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးရဲ့ ပြောစကားအရ သူဟာ မြို့ထဲက ကားတစင်းပေါ်မှာ မြွေတွေ့ကြောင်း အကြောင်းလာတဲ့အတွက် မြွေကို သွားကယ်ခဲ့ပြီး သူကယ်ထုတ်ခဲ့တဲ့ မြွေဟောက်ကို နမ်းနေတဲ့ ဓါတ်ပုံရဖို့ ကြိုးစားစဉ်မှာ အခုလို ဖြစ်ခဲ့ကြောင်း ပြောပြပါတယ်။ 

09 Feb 2017     1,784 Views




RELATED

Most Popular of Special or Others

Most Popular of NEWS