မိန်းမချင်းတောင် လည်ပြန်ငေးယူရတယ်ဆိုတဲ့ ကမ္ဘာ့အလှဆုံးစစ်သမီး
09 Feb 2017 2,020 Views

Elena Delegioz လို့ အမည်ရတဲ့ ရုရှမလေးတစ်ယောက်ရဲ့ အလှဟာ ပုရိသတွေအတွက် စွဲမက်ဖွယ်ဖြစ်စေရုံသာမက အမျိုးသမီးအချင်းချင်းတောင် လည်ပြန်လှည့်ငေးရတဲ့ အလှပိုင်ရှင်တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ရုပ်ကလေးနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ စစ်ဝတ်စုံနဲ့အတူ၊ စစ်လက်နက်ပစ္စည်းတွေကို ဖတ်ရှင်သဘောမှာထားပြီး ကမ္ဘာကျော်ကြားလာခဲ့ပါတယ်။တစ်ချို့ကကျတော့ Elena ဟာ စစ်သားအစစ်မဟုတ်ဖူးလို့လည်း ဆိုကြသလို၊ တစ်ချို့ကလည်း Elena ဟာ တကယ့် စစ်သားတစ်ယောက်ဖြစ်တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။


သူမသာ စစ်သားဆိုရင်တော့ အမျိုးသမီး စစ်သည်တွေထဲမှာ သူကို ကျော်ပြီး အလှမယ်ဘွဲ့ခံထိုက်သူ ရှိမယ် မထင်ပါဘူး။တကယ်လို့ Elena သာ သရုပ်ဆောင်မော်ဒယ်ဆိုရင်လည်း တစ်ခြားသရုပ်ဆောင်အမျိုးသမီးတွေထက် ကားရိုက်ရက်တွေ၊ ကြော်ငြာရိုက်ရက်တွေနဲ့ လက်လည်မှာမဟုတ်ဖူးလို့ ဆိုနေကြသူတွေ ရှိပါတယ်။ တကယ်တော့ အခုကိစ္စမှာ Elena ဟာ စစ်သားဟုတ်သည်ဖြစ်စေ၊ ရိုးရိုး အရပ်ဘက်ကလူပင် ဖြစ်စေ အရေးမကြီးပါဘူး။ သေချာတာကတော့ တော်တော်လေးကို လှပတဲ့ အမျိုးသမီးဆိုတာပါဘဲ။


Credit : shwemom






