BEC-TERO TV

အထပ်မြင့်တိုက်ပေါ်က ခုန်ချသတ်သေရန် ကြိုးစားခဲ့သည့် စင်ကာပူက အိမ်အကူအမျိုးသမီး

10 Feb 2017     1,660 Views


စင်ကာပူနိုင်ငံ ဘူကစ်ပန်ဂျန်းရပ်ကွက်ရှိ အထပ်မြင့်နေအိမ် တိုက်ခန်းဝရံတာမှ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်ရန်ကြိုးပမ်းခဲ့သည့် အင်ဒိုနီးရှား အိမ်အကူအမျိုးသမီးတစ်ဦးကို  အိမ်နီးနားချင်းများနှင့် စင်ကာပူ အရပ်သားကာကွယ်ရေး အဖွဲ့အစည်းမှ ဝိုင်းဝန်းကူညီ ဖျောင်းဖျကာ ခုန်ချလုဆဲဆဲ ဖြစ်နေသည့် အဆိုပါအမျိုးသမီးကို ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
 
အိမ်အကူအမျိုးသမီးသည် နေအိမ်ဝရံတာ  အပြင်ဘက် ကပန်းပေါ်တွင် မတ်တပ်ရပ်ကာ သူမ၏ အိမ်ရှင်အကြောင်းနှင့် သူမ အင်ဒိုနီးရှားပြန်လိုကြောင်းကို တစာစာအော်ဟစ်ပြောဆိုခဲ့ကြောင်းကို မျက်မြင်သက်သေ အိမ်နီးချင်းများထံမှ သိရှိရသည်။ 
ထို့နောက် အားလုံးက ဝိုင်းဝန်းဖျောင်းဖြပြီးနောက် အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်းကို ဗီဒီယိုရုပ်သံတွင် မြင်တွေ့ခဲ့ရသည်။
 
source:စင်ကာပူရွှေဂျာနယ်

10 Feb 2017     1,660 Views




RELATED

Most Popular of International News

Most Popular of NEWS