BEC-TERO TV

ကချင်တိုင်းရင်းသူ သူနာပြုဆရာမတစ်ဦး မုဒိန်းကျင့် သတ်ဖြတ်ခံရ

10 Feb 2017     2,753 Views


ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကြက်ပေါင်ခြံရပ်ကွက်တွင် သူနာပြုဆရာမလေးတစ်ဦးအား ဓါးချက်ပေါင်းများစွာဖြင့် အဓ္ဓမပြုကျင့်ခံရကာ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
 
 
 
မရန်မလိဆန်ပန်သည်  ဗန်းမော်မြို့ မှ သူနာပြုကောလိပ်မှ ကျောင်းဆင်းခဲ့သည့် သူနာပြုဝန်ထမ်းတစ်ဦးဖြစ်ကာ  အန်ဂျီအိုတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။
 
 
 
သူမဟာ ဓါးဒဏ်ရာ (၁၉)ချက်နဲ့ သေဆုံးခဲ့ပြီး အဓ္ဓမပြုကျင့်ခံခဲ့ရကြောင်းလည်း နီးစပ်ရာအသိုင်းအဝိုင်းမှ သိရှိခဲ့ရသည်။ အတည်မပြုနိုင်သေးသော သတင်းတစ်ရပ်အရ ဒေသခံမဟုတ်သည့် လူ(၅)ဦးမှ မုဒိန်းကျင့်သတ်ဖြတ်ခဲ့ပြီး ကံဆီးအခြေစိုက် ဗျူဟားမှူး၏ မူးယစ်ဆေးဝါးသယ်ဆောင်သော ကားအား ကချင် လူထုအခြေပြု မူးယစ် အဖွဲ့ PJS မှ ဖမ်ဆီးပေးသောကြောင့်ဟု စွပ်စွဲပြောဆိုထားသည်။
 

10 Feb 2017     2,753 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS