BEC-TERO TV

ဂရင်းနစ်စံချိန်တင်ခဲ့သည့် အသက် ၁၃ နှစ်အရွယ် ပင့်ကူလူသား ရုပ်သံ

10 Feb 2017     1,582 Views


ပါလက်စတိုင်းကလေးငယ်တဦးဟာ ခန္ဓာကိုယ်ကို တွန့်လိမ်ပုံသွင်းပြီး ပင့်ကူလူသားတဦးသဖွယ် အစွမ်းပြနိုင်ခဲ့တဲ့အတွက် ဂင်းနက်စ် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပြီလို့ သူ့ကို သင်ကြားပေးတဲ့ သင်တန်းဆရာက ဖေဖော်ဝါရီ ၈ ရက်က ပြောပါတယ်။
 
အသက် ၁၃ နှစ်အရွယ် မိုဟာမက် အယ်လ်ရှိတ်ခ်ဟာ ဂါဇာဒေသမှဖြစ်ပြီး သူဟာ ခန္ဓာကိုယ်ကို ပျော့ပျော့ပြောင်းပြောင်းနဲ့ ပင့်ကူလူသားဇာတ်ကောင်လို တွန့်လိမ်ပုံသွင်းပြနိုင်တာကို တွေ့ရပါတယ်။
 
အချိန် ၁ မိနစ်အတွင်းမှာ သူဟာ ရင်ဘတ်ကို မှောက်လျက်သားအနေအထားနဲ့ ရှိနေကာ ခြေထောက်တွေကို ကျောပေါ်ကနေ ကွေးယူပြီး ဦးခေါင်းရှေ့ကို ဆွဲယူကာ ထောက်ပြီး သွားပြနိုင်ပါတယ်။
 
စီဂျီတီအဲန်သတင်းမှာ ဖော်ပြတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ခန္ဓ္ဓာကိုယ်ကို ကွေးညွှတ်ပြီး စားပွဲခုံ၊ ကုလားထိုင်၊ လှေကား၊ ကြမ်းပြင်၊ ဘားတန်း စတဲ့ နေရာအနှံ့ သွားလာနေထိုင်နိုင်တဲ့ စွမ်းရည်ပြသမှုတွေကို အံ့သြဖွယ် တွေ့မြင်ရပါတယ်။
 
 

10 Feb 2017     1,582 Views




RELATED

Most Popular of Special or Others

Most Popular of NEWS