ဦးကိုနီ လုပ်ကြံမှု ရဲတပ်ဖွဲ့က သတင်းမထုတ်ပြန်ဘဲ နိုင်ငံတော်အဆင့်မှသာ ထုတ်ပြန်မည်ဟုဆို
10 Feb 2017 1,468 Views

ဦးကိုနီလုပ်ကြံသတ် ဖြတ်ခံရမှုနှင့်ပတ်သက်၍ သတင်း များကို စုပေါင်းစစ်ဆေးနေသည့် တပ်မတော်နှင့် ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်တော့မည်မဟုတ်ဘဲ နိုင် ငံတော်သမ္မတရုံးနှင့် နိုင်ငံတော် အဆင့်ရှိ ဌာနများကသာ သတင်း ထုတ်ပြန်မည်ဖြစ်သည်။
‘‘ရဲတပ်ဖွဲ့ကစစ်ဆေးမယ်။ ရရှိတဲ့ အချက်အလက်တွေကို တင်ပြပေးမယ်။ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပေးဖို့တော့ မရှိ သေးဘူး။ စစ်ဆေးချက်တွေကို အထက်ကို တင်ပြပေးပြီးသက်ဆိုင်ရာဌာနတွေက သတင်းထုတ်ပြန်ပေးမှာပါ။ ကျန်တာတွေက တော့သတင်းထုတ်ပြန်မှ သိရမယ်’’ဟု ရဲအရာရှိကြီးတစ်ဦးကပြောသည်။
အခြားရဲအရာရှိတစ်ဦးကလည်း ‘‘ရဲတပ်ဖွဲ့အနေနဲ့တော့ သတင်းထုတ်ပြန်သွားဖို့မရှိသလို အမှုစစ်တဲ့သူတွေကလွဲလို့ ကျန်တဲ့သူတွေတောင် ဘာမှမသိရပါဘူး။ ပထမစစ်ချက်တွေ အွန်လိုင်းပေါ် ပြန့်သွားကတည်းက လုံခြုံရေးတင်းကျပ်ထားတယ်။ တချို့ကိုလည်း စစ်ဆေးအရေးယူဖို့အ တွက် စစ်ဆေးနေတယ်လို့သိရ တယ်’’ဟု ဆိုသည်။ ဇန်န၀ါရီ ၂၉ရက် ညနေက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖြစ်ပွားခဲ့သည့် ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ် သက်၍ ယနေ့အချိန်အထိ ရဲတပ် ဖွဲ့က သတင်းထုတ်ပြန်ချက်တစ် ကြိမ်တစ်ခါမျှ ပြုလုပ်ခြင်းမရှိ၍ ပြည်သူလူထုကြားမှ ဝေဖန်သံအမျိုးမျိုးရှိနေကာ အမှုနှင့်ပတ်သက်ပြီး ထင်ကြေးပေးကောက်ချက်ချမှုအမျိုးမျိုးပျံ့နှံ့နေသည်။
နိုင်ငံတော်သမ္မတရုံးက ဇန်န၀ါရီ ၃၀ရက်၌ ထုတ်ပြန်ခဲ့သည့် ‘ ဦးကိုနီအားသေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် ’ နှင့် ဖေဖော်ဝါရီ ၃ရက်က ထပ်မံထုတ်ပြန်ခဲ့သည့် ‘ ဦးကိုနီအား သေနတ်ဖြင့်အနီးကပ်ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်နောက်ဆက်တွဲ ’ သတင်းကိုသာ တရားဝင်ထုတ်ပြန်ခဲ့သည်။
‘‘အမှုကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းပြီးတော့ ပူးပေါင်းအဖွဲ့ ကနေ လုပ်တာဖြစ်တယ်။ အဲဒီမှာ စဉ်းစားကြည့်ပါ။ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က Team ပေါ့။ ဒီ Teamက အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်’’ဟု
ဖေဖော် ၀ါရီ ၆ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှုပူးတွဲကော်မ တီအစည်းအဝေး၌ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး ကပြောကြားသည်။ ဆက်စပ်တရားခံများ ဖမ်း ဆီးအရေးယူမှုများရှိသော်လည်း သံသယရှိသူများ၏ သတင်းကို မထုတ်ပြန်ရခြင်းသည်အမှုကွင်း ဆက်ပျောက်သွားနိုင်၍ ပြည်သူအနေဖြင့် နားလည်ပေးရန် မေတ္တာရပ်ခံချင်ကြောင်း ၎င်းကပြောသည်။ ဇန်န၀ါရီ ၃၁ရက် နေ့လယ် တွင် လူမှုကွန်ရက်၌ ကြည်လင်း၏ ကနဦးစစ်ဆေးချက်များ ထွက်ပေါ်လာပြီးနောက် ဝေဖန်မှုများရှိခဲ့ပြီး ရဲအရာရှိကြီးအချို့က Viber ဟက်ခံရသည်ဟုပြောဆိုခဲ့သည်။ သတင်းထုတ်ပြန်မှုများကို ကြည့်လျှင် ပြည်သူများအတွက် လုံလောက်သည့် သတင်းထုတ် ပြန်မှုမျိုးမဟုတ်သော်လည်း လုပ် ကြံသတ်ဖြတ်သည့်အဖွဲ့သည် အင်အားကြီးအဖွဲ့ဖြစ်နိုင်သဖြင့်သတင်းကို စိစစ်ထုတ်ပြန်နိုင်ခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေဦးမောင်မောင်ကြီးက သုံးသပ်ပြောကြားသည်။
Credit : 7daydaily