BEC-TERO TV

ဆိုင်ကယ်စီးဦးထုတ် မဆောင်းတဲ့သူတွေကို လမ်းမလယ်မှာ ထိုင်ထလုပ်ခိုင်းပြီး အပြစ်ပေးတဲ့ ယာဉ်ထိန်း

10 Feb 2017     1,771 Views


ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဆိုင်ကယ်စီးဦးထုတ်မဆောင်းတဲ့ ကျောင်းသားတွေကို လမ်းမပေါ်ထိုင်ထ လုပ်ခိုင်းပြီး ဒဏ်ပေးတဲ့ ယာဉ်ထိန်းရဲတစ်ဦးကို သူ့ရဲ့လုပ်ရပ်အတွက် လူမှုကွန်ရက်မှာ ဝိုင်းဝန်း ချီးကျူး ထောက်ခံနေကြပါတယ်။
 
အဆိုပါရဲဟာ ယာဉ်စည်းကမ်းဖောက်ဖျက်သူတွေကို ရဲအများစုက လုပ်လေ့လုပ်ထရှိတဲ့  ဖြတ်ပိုင်းပေးပြီး ဒဏ်ငွေဆောင်ခိုင်းတာတွေ မလုပ်ဘဲ ပခုံးဖက်ထိုင်ထလုပ်ခိုင်းကာ ယာဉ်စည်းကမ်း ပညာပေးခဲ့တာပါ။
အဆိုပါဖြစ်စဉ်ကို Tonz Vocalist Demon   ဆိုသူက ဗွီဒီယိုရိုက်ယူခဲ့ပြီး  သူ့ရဲ့လူမှုကွန်ရက်ပေါ်တင်လိုက်ရာမှာ ကြည့်ရှုသူများပြားခဲ့ပြီး အချို့က အဆိုပါရဲကို နှလုံးသားလှသူ လို့ တင်စားခေါ်ဝေါ်နေပါတယ်။
 
Credit:DVB

10 Feb 2017     1,771 Views




RELATED

Most Popular of Special or Others

Most Popular of NEWS