BEC-TERO TV

အဆော့လွန်တဲ့ခွေး ကွန်ပရက်ဆာထဲ ဝင်သွားလို့ မီးသတ်တပ်ဖွဲ့က ကယ်တင်ခဲ့ရ

10 Feb 2017     1,612 Views


မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သမိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၀ နာရီခွဲလောက်က ပိုင်းက မကွေးမြို့၊ အိုးဘိုရပ်ကွက်ထဲက လက်ဘက်ရည်ဆိုင်တစ်ခုမှာရှိတဲ့ ရေတင်ကွန်ပရက်ဆာထဲမှာ ခွေးတစ်ကောင်ရဲ့ ခေါင်းညှပ်နေလို့ မီးသတ်တပ်ဖွဲ့က သွားရောက်ကယ်တင်ပေးခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီခွေးက သံဆန်ကာအုပ်ထားတဲ့ ကွန်ပရက်ဆာထဲကို ဘယ်လိုဝင်ရောက်သွားလဲတော့မသိပါဘူး။ ဖြစ်ပုံကတော့ ကြံကြံဖန်ဖန်ပါ။ ကွန်ပရက်ဆာအထိုင်လုပ်ထားတဲ့ အောက်ခြေသံပြားအ၀ိုင်းပေါက်ထဲကို ခေါင်းဝင်သွားပြီး ပြန်ထုတ်မရတော့လို့ မီးသတ်တပ်ဖွဲ့ကို ကူညီဖို့အကြောင်းကြားခဲ့ရတာလို့ ဆိုပါတယ်။

ဒုက္ခရောက်နေတဲ့ တိရစ္ဆာန်တွေကို ဒီလိုကယ်တင်ရတာက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး မကွေးမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီးနဲ့ သွားရောက်ကာ Hydraulic Cutter နဲ့ Spreader တွေကို အသုံးပြုပြီး ကယ်ဆယ်ရေးဆောင်ရွက်ခဲ့လို့ ည ၁၀ နာရီ ၄၅ မိနစ်မှာ အောင်အောင်မြင်မြင် ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Credit : PyiMyanmarNew/


10 Feb 2017     1,612 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS