BEC-TERO TV

တရုပ်ပြည်က ဓါတုဗေဒစက်ရုံ အကြီးအကျယ်ပေါက်ကွဲမှု ရုပ်သံ

10 Feb 2017     1,238 Views


ဖေဖော်ဝါရီလ (၈)ရက်နေ့ ည ၁၁ နာရီခန့်အချိန်တွင် ကြီးမားသော ရဲရဲတောက်မီးလုံးကြီးနဲ့အတူ ဆူညံပေါက်ကွဲသံကြီးကြောင့် အနီးနားရှိလူများ အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။
 
အန်ဟွေဒေသမှာရှိတဲ့ တုံလင်းမြို့က ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှုဟာ အဝေးကကြည့်လိုက်ရင် ဟီရိုရှီးမား အဏုမြူဗုံးကွဲစဉ်က ဓါတ်ပုံတွေထဲကလို ဧရာမ မီးလုံးကြီးဖြစ်ပြီး ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ မီးသတ်သမားတွေ မကြာမီမှာပဲ မီးထိန်းနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦးသာရှိခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ပေါက်ကွဲမှုကြောင့် လွင့်စင်လာတဲ့ မှန်စဆတွေ ထိမှန်ခဲ့လို့သာ ဒဏ်ရာရခဲ့ခြင်းဖြစ်ပါတယ်။
 
အဆိုပါပေါက်ကွဲမှုကြောင့် အန္တရာယ်ဖြစ်စေတဲ့ ဓါတ်ငွေ့ယိုစိမ့်တာမျိုး မရှိခဲ့ဘူးလို့  အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပြီး ဒေသခံများကို မစိုးရိမ်ကြဖို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။
 

10 Feb 2017     1,238 Views




RELATED

Most Popular of Special or Others

Most Popular of NEWS