BEC-TERO TV

အိပ်ရေးဝဝ မအိပ်ရတဲ့ အမျိုးသမီးတွေ ဆီးချိုရောဂါ ခံစားရနိုင်ဖွယ်ရှိ

10 Feb 2017     1,422 Views


ကာလရှည်ကြာအိပ်ရေးမဝတဲ့ အမျိုးသမီးတွေမှာအမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ချေမြင့်မားနိုင်တယ်လို့ ဟာဗတ်တက္ကသိုလ်မှ သုတေသီက အစီရင်ခံစာတစ်ခု ထုတ်ပြန်လိုက်ပါတယ်။ အိပ်မပျော်ခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်း၊ မကြာခဏဟောက်ခြင်း၊ အိပ်နေစဉ် အသက်ရှုရပ်ခြင်း၊ အိပ်နေစဉ် ဘယ်ညာလှည့်ခြင်းစတဲ့ အိပ်စက်မှုဆိုင်ရာပြဿနာရှိသူတွေမှာအမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နှုန်းဟာ ၄၅% ထိ မြင့်တက်တာကို တွေ့ရပါတယ်။
 
အထူးသဖြင့် အိပ်ရေးမဝခြင်းနှင့် စိတ်ဖိစီမှုများခြင်း၊ အဝလွန်ခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ စိတ်ဓာတ်ကျနေပါက ဆီးချိုရောဂါဖြစ်ဖို့ အလားအလာ ပိုများနိုင်တယ်လို့ လေ့လာမှုကိုဦးဆောင်သူ Dr.Yan Ping Li ကဆိုပါတယ်။
အစီရင်ခံစာကို Diabetology Journal မှာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆီးချိုရောဂါ၊ နှလုံးရောဂါမရှိသူ အမေရိကန်အမျိုးသမီးပေါင်း တစ်သိန်းသုံးသောင်သုံးထောင်ကျော်ကို၂၀၀၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း လေ့လာခဲ့တဲ့ ရလာဒ်များအပေါ်မှာ အခြေခံထားခြင်းဖြစ်ပါတယ်။
 
၁၀ နှစ်ကျော်ကြာအောင် လေ့လာပြီးတဲ့နောက်မှာ အမျိုးသမီးပေါင်း ၆,၉၀၀ ကျော်မှာ ဆီးချိုဝေဒနာ ခံစားနေရတာကို တွေ့ရှိရပြီး အိပ်စက်မှုဆိုင်ရာပြဿနာတစ်ခုရှိလျှင် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်ပွားနှုန်း ၄၅% တိုးလာပါတယ်။
အိပ်ရေးမဝခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ်များ သွေးတွင်းရှိအချိုဓာတ်ကို ထိန်းချုပ်ရာမှာ ပါဝင်နေတဲ့ ဟော်မုန်းတွေရဲ့ ပုံမှန်လည်ပတ်မှုကို ထိခိုက်စေပြီး အဝလွန်ခြင်းနှင့် ဆီးချိုသွေးချိုဖြစ်ခြင်း တို့ကို မြင့်တက်စေတာဖြစ်ပါတယ်။
ဆရာဝန်များအနေဖြင့်လည်း အိပ်ပျော်ရန်ခက်ခဲသော အမျိုးသမီးများ၊ အိပ်ရေးမဝသော အမျိုးသမီးမျာတွင် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ချေကို ဂရုစိုက်သင့်တယ်လို့ ဒေါက်တာ ရန်ပင်းလီ ကဆိုပါတယ်။
 
Credit:ဒေါက်တာထက်ထက်အောင်
 
>>> ဆီးချိုအမျိုးအစား(၂) နှင့်ဆောင်ရန်ရှောင်ရန်များ ဖတ်ရှုရန်

10 Feb 2017     1,422 Views




RELATED

Most Popular of Special or Others

Most Popular of Life Style