BEC-TERO TV

V-day မှာ ဒိတ်လုပ်ချင်သူအများဆုံး ဖြစ်လာတဲ့ Gong Yoo

10 Feb 2017     1,289 Views


အသက်(၃၇)နှစ်အရွယ် မင်းသား Gong Yoo ကတော့ song joon ki ကိုပါ ကျော်တတ်ပြီး Valentine’s Day မှာ အမျိုးသမီးတွေရဲ့ ဒိတ်အ လုပ် ချင်ဆုံး တောင်ကိုရီးယား အမျိုးသားအနုပညာရှင်ဖြစ်လာခဲ့ပါတယ်။

V-day မှာ ဒိတ်အလုပ်ချင်ဆုံး တောင်ကိုရီးယားအမျိုးသားအနုပညာရှင် စာရင်း ကို PMI ဆိုတဲ့ ကုမ္ပဏီက အွန်လိုင်းကနေ စစ်တမ်းကောက်ယူခဲ့ပါတယ်။ အ သက်(၂၀)နဲ့(၅၀)ကြား အမျိုးသမီးတွေကို မေးပြီး စစ်တမ်းကောက်ခဲ့တာပါ။ မင်းသား Gong Yoo က မဲရလဒ်(၂၀)ရာခိုင်နှုန်းနဲ့ နံပါတ်တစ်နေရာမှာ ရပ် တည်ခဲ့ပါတယ်။အသက်(၂၃)နှစ်အရွယ် မင်းသား Park Bo Gum ကတော့ မဲရလဒ် (၁၂)နဲ့နံပါတ်နှစ်နေရာမှာရှိခဲ့ပါတယ်။

Song Joong Ki ကတော့ (၈.၁)ရာခိုင်နှုန်းနဲ့နံပါတ်(၃)နေရာမှာရှိနေပါတယ်။ Goblin ဇာတ်ကားရဲ့ မင်းသား Lee Dong Wook က (၇.၈)ရာခိုင်နှုန်းနဲ့ နံပါတ်(၄)နေရာမှာ ရှိနေပါတယ်။ Kang Dong Won က (၇.၃)နဲ့နံပါတ်ငါးနေရာတို့မှာ အသီး သီးရပ်တည် ခဲ့ပါတယ်။

Credit:shwemom


10 Feb 2017     1,289 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment