BEC-TERO TV

ဆိပ်ကမ်း၌ ထုတ်ယူခြင်းမရှိသည့် ကားအစီးရေ နှစ်ထောင်ကျော် လေလံတင်မည်

13 Feb 2017     1,487 Views


ပြည်ပမှ တင်သွင်းလာ ပြီး ဆိပ်ကမ်းတွင် ရက်ပေါင်း ၆၀ ကျော်အတွင်း လာရောက်မထုတ် ယူသည့် ကားအစီးရေ နှစ်ထောင် ကျော်သွားပြီ ဖြစ်သောကြောင့် လေလံတင်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ သတင်းရရှိသည်။ ကားအများစုသည် Model Year ကွဲလွဲပြီး တင်သွင်းလာခြင်း၊ လာရောက်ထုတ်ယူမည့်သူ မရှိ ခြင်း၊ အရောင်းစင်တာများကို ပိတ်သိမ်းလိုက်၍ တာဝန်ခံပြီး ထုတ်ယူမည့်သူ မရှိခြင်းကြောင့် ယင်းကားများကို လေလံတင်ရန်စီစဉ်နေကြောင်း သိရသည်။ အများစုသည် ယာဉ်အိုယာဉ် ဟောင်းလဲလှယ်ပြီး စလစ်ဖြင့် တင်သွင်းရသည့် မော်ဒယ်မြင့် ကားအများစု ပါဝင်လာကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦး ဆောင်ညွှန်ကြားရေးမှူးဦးကျော် မြင့်ကဆိုသည်။

အဆိုပါကားအများစုသည် ၂၀၁၅ နှင့် ၂၀၁၆ က တင်သွင်းလာသည့်ကားများဖြစ်ပြီး သီလ၀ါဆိပ်ကမ်းတွင် နေရာအခက်အခဲဖြစ်ပေါ်နေခြင်းကြောင့် ယခုကဲ့သို့ လေလံတင်ရန် စီစဉ်ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ နှစ်စဉ်ဆိပ်ကမ်းတွင် လာ ရောက်မထုတ်ယူသည့်ကားများ ကို လေလံတင်လေ့ရှိရာ ၂၀၁၇ အတွက် ပထမဆုံးအကြိမ်အဖြစ် ကားအစီးရေ နှစ်ထောင်ကျော်ကို လေလံတင်မည်ဖြစ်သည်။ ဆိပ်ကမ်းတွင် တစ်နှစ်ပြည့် သည်အထိ လာရောက်မထုတ်ယူ သော ကားအစီးရေ လေးရာကျော် လည်းရှိပြီး ယင်းတို့ကို နိုင်ငံပိုင်အ ဖြစ် သိမ်းယူရန်စီစဉ်နေကြောင်းသိရသည်။

လေလံပစ်၍ ရသည့်ဘဏ္ဍာ ငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ နှစ်စဉ် မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်က ဆိပ်ကမ်းသို့ လာ ရောက်မထုတ်ယူသည့် ကားများ ကို လေလံပစ်ခြင်း၊ နိုင်ငံပိုင်သိမ်း ခြင်းတို့ကို လုပ်ဆောင်လျက်ရှိရာ ရရှိထားသည့်ငွေပမာဏကို အ များပြည်သူသိရှိစေရန် ထုတ်ပြန် မည်ဖြစ်ကြောင်း သိရသည်။

Credit : 7daydaily


13 Feb 2017     1,487 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS