BEC-TERO TV

ဥပဒေဆိုတာကလည်း မှန်တိုင်းလည်းအနိုင်မရသလို မှားတိုင်းလဲမရှုံး ပါ ဘူး ဆိုတဲ့အကယ်ဒမီ မေသန်းနုရဲ့ အမှုအခြေအနေ

13 Feb 2017     1,921 Views


အမှုတစ်ခုကိုရင်ဆိုင်နေရတဲ့ သရုပ်ဆောင်မေသန်းနုတစ်ယောက် သူရဲ့ အမှုလက်ရှိအခြေအနေကိုပြောပြပေးထားပါတယ် ။ အမှုတစ်ခု ဖြစ်လာပြီဆိုရင်တော့ သတ္တိရှိရှိ ရင်ဆိုင်ရပါပြီ ။

ဥပဒေ ဆိုတာကလည်း မှန်တိုင်းလည်းအနိုင်မရသလို မှားတိုင်းလဲ မရှုံး ပါ ဘူး ။ပြသာနာ တစ်ခုတွေ့ပြီဆို၇င် အရင်းအမြစ်က ဘယ်ကလာလဲ လိမ်လည်ပြီးေ၇ာင်းတာဆိုတော့ ဒီကန်ထရိုက်စာချုပ်ရဲ့ မူရင်းမြေရှင်နဲ့ ချုပ်ထားတဲ့ စာရွက်စာတန်းအကုန်ရှိပါ တယ် ။ဒါရှိလို့ မဆင့် ရောင်းရဲတာပေါ့ ။ ဒါမရှိဘဲ မဆင့် သူများဟာ ကို လက်ညှိုးထိုးပြီးရောင်းလို့ မရဘူးလေ ။

သက်သေခံ ပစ္စည်းကို အပေါ်မတင်ပေးဘူး ။ အပေါ်မတင်တော့ ပုဒ်မ ၄၂၀ နဲ့ ဆွဲတယ် ၄၂၀ မမြောက်မြောက်အောင် ဖန်တီးကြတယ် ။ မဆင့် က တရားခံပဲ ထားအုံး မဆင့်တင်တဲ့ သက်သေခံပစ္စည်းတွေ တင်တယ်။ ဘာလို့ အပေါ်မရောက်တာလဲ အပေါ်မရောက်ဘူးဆိုထဲက ထိန်ချန်ထားတာ ကိုယ်တင်တဲ့ စာရွက်စာတန်း ပြောတဲ့ စကားထွက်ဆိုချက် အတိုင်းအပေါ်ရောက်တယ်ဆိုရင် ချမှတ်တဲ့ ဥပဒေ အတိုင်းမဆင့်တို့ လိုက်နာမှာပါ ။

အပေါ်ကိုမရောက်တဲ့ အတွက်ပြောရ ဖြေရှင်းနေရတာနဲ့ အလုပ်တွေရှုပ်နေတာပါ ။ အမှုစစ်တဲ့ အခါ သက်ခံပစ္စည်း တွေတင်ရ ၊ လိုအပ်တာတွေ ရေးပြရတယ်။ လိုချင်တဲ့ တစ်စိတ်တဒေသကိုပဲ ယူပြီးတကယ့် သက်သေခံပစ္စည်းတွေ အပေါ်ရောက်မလာဘူး။ နှစ်ပေါင်း ၃၀ ကျော်ရက်တည်လာတဲ့ နာမည်ကို ဖျက်ဆီးချင်တာနဲ့ ရိုက်ချိုးပစ်ကြတာ ။ အပေါ်တက်ဖြေရှင်းရမယ့် သက်သေခံပစ္စည်းတွ ဘယ်နားရောက်သွားပီပဲ ဘယ်ပျောက်သွားပြီလဲ ။

အမှု အခြေအနေ က တော့ ရင်ဆိုင်ဆဲပါ အမှုကိစ္စပြီးရင် ပရိတ်သတ်ကို အကုန်အသိပေးမှာပါ ။ သားဖြစ်သူ နိုင်ငံခြားမှာကျောင်းတက်နေတာ စိတ်မချပေမယ့် အမှုကိစ္စတွေကြောင့် လိုက်သွားလို့ လဲ မရ ဖြစ်နေပါတယ် လို့ ပြောထားပါတယ် ။

Credit:Oasis


13 Feb 2017     1,921 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment