BEC-TERO TV

ကိုယ်တိုင်ပြုလုပ်လို့ရ အသားဖြူစေမယ့် ဆန်မှုန့်တိုနာ

13 Feb 2017     2,650 Views


အဆီပြန်တဲ့အသားရေအတွက် သိပ်ကောင်းတဲ့တိုနာတခုပါ။ လူတိုင်းနဲ့ သင့်တော်တယ်။ ဆန်မှုန့်တိုနာက ဝက်ခြံ၊အမာရွတ် နေလောင်ကွက်တွေပျောက်ကင်းစေမယ်။ sensitive ဖြစ်တဲ့အသားရေနဲ့ သိပ်သင့်တော်တယ်။
 
ဆန်မှုန့်တိုနာလုပ်ဖို့-

• ဆန်မှုန့်(၄) ဇွန်း

• ရှောက်ရည် (၃)ဇွန်းသာ လိုတယ်။

ဆန်မှုန့်အနည်းငယ်က်ို ယူပြီး ရေထဲ ညလုံးပေါက်စိမ်ထားပါ။(ဆန်မှုန့်သုံးရင် အစိမ်းသာသုံးပါ၊ဆန်လုံးလည်းသုံးလို့ရတယ်၊သိပ်မဖွတ်ပါနဲ့)။ နောက်ရက်မှာ ဆန်ရေကို သီးသန့်စစ်ပြီး ပန်ကန်တခုထဲထည့်ပါ။ ဆန်ရေထဲကို ရှောက်ရည်ညှစ်ထဲ့ပါ။ အဆိုပါ အရည်ကို ဗူးတခုထဲထည့်ပြီး မျက်နှာကို ညစဉ်လိမ်းပေးပါ။ ဆန်ရေကို ဂွမ်းလုံးစနဲ့ စိမ်ပြီး မျက်နှာကို လိမ်းပါ။ ညစဉ်လိမ်းပြီး နာရီဝက်ခန့်ထားပါ။

ဆန်မှုန့်တိုနာက အသားအရေကို တင်းရင်းချောမွေ့စေတယ်။ အသားဖြူစေသည်။ ပါးရေတွန့်တာကို သိသိသာသာကာကွယ်ပေးတယ်။ ဆန်ဆေးရေရဲ့အာနိသင်ကို ဆောင်းပါးတပုဒ်သီးသန့်ရေးပေးထားတယ်၊ အမှန်ဝန်ခံရရင် ကျွန်တော်ကိုယ်တိုင်လည်း ဆန်မှုန့်တိုနာကို သုံးပါတယ်။ အသားအရေတင်းရင်းလာတော့ တကယ်သိသာတယ်။

* ဒေါက်တာ အေးမင်းထူး *


13 Feb 2017     2,650 Views




RELATED

Most Popular of Health Fix

Most Popular of Life Style