BEC-TERO TV

ချစ်သူများနေ့က ဘာမှမထူးခြားပါဘူးဆိုတဲ့ ရွှေမှုန်ရတီ

13 Feb 2017     1,274 Views


ရွှေမှုန်ရတီကတော့ ချစ်သူများနေ့မှာ အစီအစဉ်သေချာမရှိသေးပေမယ့် ရှုတင်မှာပဲ ဖြတ်သန်းဖြစ်မယ်ထင်တယ်လို့ ပြောထားပါတယ်။ ချစ်သူများနေ့က သာမန်လိုပါပဲ ဘာမှမထူးခြားပါဘူး ။ ရွှေမှုန်က ချစ်သူများနေ့မှာ အထူးအဆန်းတွေ Surprise တွေဘာတွေလည်းစိတ်ဝင်စားတာတော့ မဟုတ်ပါဘူး ။

မိန်းကလေးပဲ ကိုယ့်ချစ်သူက Surprise လုပ်ပေးရင်ပျော်တာပေါ့ ဒါပေမယ့် ကိုယ်လိုချင်ပေမယ့် ကိုယ့်ရည်းစားကအားချင်မှအားမယ် ။ Valentine day မှာ Surprise လိုချင်ရင်ကိုယ့်ရည်းစားအားအောင်ဆုတောင်းမှာပေါ့နော် ။ အဲ့ဒိလို အခြေအနေမျိုးတွေ အတွဲတွေတိုင်းမှာလဲ ရှိမယ်ထင်ပါတယ်။

ထွေထွေထူးထူး ခံစားချက်ကြီးတော့ မရှိပါဘူး ဒါပေမယ့် အာ့ဒိနေ့လေးကတော့ တကယ်ကို ချစ်ဖို့ကောင်းတဲ့ နေ့လေးပါ ။ အဲ့ဒိ နေ့လေးမှာ ချစ်သူစုံတွဲတွေ ပျော်ကြတယ် လက်ဆောင်တွေပေးကြတာကတော့ ကြည်နူးစရာပါလို့ ပြောထားပါတယ်။

Credit:Oasis


13 Feb 2017     1,274 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment