BEC-TERO TV

တက်တူးထိုးနေစဉ် အမျိုးသမီးငယ်၏ ရင်သားပေါက်ထွက်မှုဖြစ်ပွား

13 Feb 2017     1,616 Views


ထိုင်းနိုင်ငံ ပတ်တရားရှိ တက်တူးဆိုင်တစ်ခုတွင် တက်တူးဆရာက ရင်သားကြီးကြီးနှင့် အမျိုးသမီးငယ်တစ်ဦး၏ ညာဖက်လက်မောင်းတွင် တက်တူး ထိုးပေးနေစဉ် အမျိုးသမီး၏ ညာဘက်ရင်သား ပေါက်ကွဲမှုကြောင့် တက်တူးထိုးတာကို ဝိုင်းကြည့်နေသူများနှင့် တက်တူးဆရာတို့ အထိတ်တလန့် ဖြစ်ခဲ့ကြရသည်။
 
အသက် ၂၅ နှစ်အရွယ် “မင့်”ဆိုသည့် အမျိုးသမီးငယ်က သူ၏ချစ်သူ ဖွင့်ထားသော တက်တူးဆိုင်ကို လူစိတ်ဝင်စားမှုရှိလာစေရန်  သူမ၏ ရင်သားထဲတွင် ဗူပေါင်းထည့်ခဲ့ကြောင်း နောက်မှသိရှိခဲ့ရသည်။ တက်တူးဆရာမှာ သူမ၏ ချစ်သူဖြစ်ပြီး သူမယခုလို လုပ်လာကြောင်း သတိမထားမိခဲ့ပဲ တက်တူးထိုးပေးနေခဲ့ခြင်းဖြစ်သည်ဟု အထိတ်တလန့်ဖြစ်ခဲ့တာနဲ့ ပက်သက်၍ ပြန်လည်ပြောပြခဲ့သည်။
 
အဆိုပါဗီဒီယိုကို လူမှုကွန်ယက်တွင် မျှဝေခဲ့ပြီးနောက် ကြည့်ရှုသူများပြားခဲ့သော ဗီဒီယိုတစ်ခု ဖြစ်ခဲ့သည်။
 

13 Feb 2017     1,616 Views




RELATED

Most Popular of Special or Others

Most Popular of NEWS