BEC-TERO TV

မူးယစ်ဆေးဝါးနဲ့ မိန်းမလိုက်စားရတာကို အရမ်းကြိုက်ခဲ့တယ်ဆိုတဲ့ နောနော်

14 Feb 2017     1,429 Views


“အတိုင်းထက်အလွန်” တေးစီးရီး အယ်လ်ဘမ်နဲ့ ပရိသတ်အခိုင်အမာ ရယူခဲ့တဲ့ အဆိုတော် “နော်နော်” တစ်ယောက် ယခင်ကဆိုရင် မူးယစ်ဆေးဝါးကို မသုံးရ မနေနိုင်အောင် စွဲလန်းပြီး  အလွန်အကျွံသုံးခဲ့ဖူးသလို ရည်းစာတွေ မှိုလိုပေါက်အောင် ထည်လဲတွဲခဲ့ဖူးတယ်လို့ ကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။
 
ယနေ့ဂီတလောကမှာ နေရာတစ်နေရာ ရနေပြီဖြစ်တဲ့ “နောနော်” ရဲ့ ငယ်စဉ်ဘဝလမ်းက သာမန်ကလေးငယ်တွေလို မဖြောင့်ဖြူးခဲ့ပါဘူး။ သူငယ်စဉ်က မိဘနှစ်ပါး သဘောထားခြင်းမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြပါတယ်၊ ညီအစ်ကို သုံးယောက် မိခင်ဖြစ်သူနဲ့ အတူကျန်ခဲ့ကြရင်း သူ ခြောက်နှစ်သား အရွယ်အရောက်မှာတော့ မိခင်ဖြစ်သူဟာ သူတို့ ညီအစ်ကို သုံးယောက်ကို ဆိုက္ကားနဲ့တင်ပြီး မြစ်ကြီးနားဈေးထဲမှာ စွန့်ပစ်ခဲ့တာကို ခံခဲ့ရပါတယ်။
 
ငယ်စဉ်ဘဝ ကြမ်းတမ်းတဲ့ လောကဓံကြောင့် အမှားပေါင်းများစွာနဲ့ အမှောင်ထဲမှာ ဖြတ်သန်းခဲ့ရပြီး ကံကြမ္မာအလှည့်ပြောင်းတစ်ခုမှာ နောနော်ရယ်လို့ နိုင်ငံကျော် အဆိုတော်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ငယ်စဉ်ဘဝ စွန့်ပစ်ခံခဲ့ရတဲ့ အတွက် မိခင်ကို နာကျည်းတဲ့စိတ် မပျောက်ခဲ့ပါဘူး၊ မိန်းမတွေဟာ တစ်ချိန်ကျရင် သူ့အဖေကို သူအမေထားခဲ့သလို သူ့ကိုလည်း ထားခဲ့ဦးမှာပဲ ဆိုတဲ့ စိတ်အစွဲကြောင့် ရည်းစားတွေ ထည်လဲတွဲခဲ့ပေမယ့် အတည်တကျ မရှိခဲ့ဘူးလို့ ဖွင့်ပြောပါတယ်။
 
ဒါပေမယ့် အခုဆိုရင် နောနော်ဟာ သူယုံကြည်ရာ ဘာသာတရားရဲ့ အရိပ်အောက်ကို ခိုဝင်ပြီး ဘာသာရေးကို အင်မတန်ကိုင်းရှိုင်းတဲ့ သိုးဖြူလေးတစ်ကောင် ဖြစ်နေပါပြီ။ ဘာသာတရားရဲ့ အဆုံးအမကြောင့် ၆ နှစ်သားထဲက လုံးဝအဆက်စပ်မရှိ ကွဲကွာခဲ့ပြီး သူ့မိသားစုလေးနဲ့သူ ဖြစ်နေတဲ့ သူ့ရဲ့ မိခင်ကို ဆက်သွယ်ပြီး သားသမီးဝတ္တရားမပျက် ဆောင်ရွက်ခဲ့ပါတယ်။ မိခင်အပေါ် နာကျည်းစိတ်လဲ မြူတစ်မှု့မျှမရှိတော့ပဲ ကိုးကွယ်ရာဘာသာတူတွေကို တွေ့တိုင်း ခွင့်လွှတ်တတ်ဖို့ ပြောဟောနေတဲ့ အော်လ်တာနေးတစ် တရားဟောဆရာလို့ပင် ပြောဖို့ သင့်ပါပြီ..။
 
နောနော် မူးယစ်ဆေးဝါးနဲ့ မိန်းမလိုက်စားတာကို အရမ်းကြိုက်တယ် ဒါပေမယ့် အခုအဲ့ဒါတွေထားခဲ့ပြီး လိမ္မာပြီ..။
 
Video Credit:MCAthailand
 

14 Feb 2017     1,429 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Life Style