BEC-TERO TV

ရဲတပ်ကြပ်ညီညီထွေးအား တမင်ရည်ရွယ်ကားနဲ့တိုက်သတ်သဖြင့် လူသတ်မှုအဖြစ်ပြောင်းလဲအမှုဖွင့်

15 Feb 2017     1,394 Views


၁၃.၂.၂၀၁၇ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း ဆိုင်ကယ်လှည့်ကင်း တာဝန်ဆောင်ရွက်စဉ် လမ်းဘေးအုတ်ခုံပေါ်၌ အရက်သေစာသောက်စားနေသူ လူငယ်(၄)ဦးအား ညဉ့်နေပြီဖြစ်၍ နေအိမ်သို့ပြန်ကြရန် တာဝန်အရ ပြောဆိုခဲ့ရာမှ ကျေနပ်မှုမရှိသဖြင့် ၎င်းတို့(၄)ဦးအနက် ဇော်သန့်မှ 8I-7434 စူပါကာစတန် မော်တော်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက်၊
မေဓါဝီလမ်းမကြီးနှင့် ၀ဇီရာလမ်းဆုံအနီး၌ ဆိုင်ကယ်လှည့်ကင်း တာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအနက် နောက်ဆုံးမှစီးနင်းသွားနေသော ရဲတပ်ကြပ် ညီညီထွေး၏ မော်တော်ဆိုင်ကယ်အား နောက်မှတိုက်ပြီး
မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်တိုက်ခံရသူ ရဲတပ်ကြပ် ညီညီထွေးမှာ ယာချိုစောင်း ဖူးရောင်၊ နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် ၀၃၂၀ အချိန်တွင် သေဆုံးသွားခဲ့သဖြင့် ဇော်သန့်အား မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ-၃၀၇/၃၀၄-က/၂၇၉/ ၂၀၂ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။
 
ဖြစ်စဉ်အား အသေးစိတ်စစ်ဆေးချက်အရ ဇော်သန့်နှင့်အတူ အရက်သောက်ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ဉာဏ်လင်းနှင့် ထက်ကျော်ကိုတို့အား စစ်ဆေးရာ ယာဉ်မောင်း ဇော်သန့်မှ ၎င်းတို့အရက်သောက်သည်ကို
ပြန်ကြရန်ပြောဆိုသည့် ရဲတပ်ဖွဲ့ဝင်များအား ကားဖြင့်လိုက်တိုက်သတ်မည်ဟု ပြောဆိုပြီး တင်ကူးကြံရွယ်ချက်ဖြင့် တရားခံ ဇော်သန့်မှ ၎င်းမောင်းနှင်သည့် မော်တော်ယာဉ်ဖြင့် ရဲတပ်ဖွဲ့ဝင်များအား လိုက်လံတိုက်သတ်သဖြင့် ရဲတပ်ကြပ် ညီညီထွေးသေဆုံးခဲ့ပြီး ရဲဒုတပ်ကြပ် ရဲသီဟမှာလည်း ဆိုင်ကယ်လဲကျ၍ ဒဏ်ရာများရရှိခဲ့သဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၃၃/၂၇၉/၂၀၂ ဖြင့် ပုဒ်မပြောင်းလဲ အရေးယူသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
 
Credit:ကုမုန္ဒြာ

15 Feb 2017     1,394 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS