ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အသစ် ရွေးချယ်မှု အကယ်ဒမီပွဲအပြီးမှာ ပြုလုပ်မည်
15 Feb 2017 1,453 Views

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအသစ် နေရာအတွက် ရွေးချယ်တင်မြှောက်မှုကို လာမည့် မတ်လ ၁၈ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားအပြီးတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဥက္ကဋ္ဌအသစ် ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းထားပြီး အလွှာအလိုက် အဆိုတင်သွင်းနိုင်ရန် အသိပေးကြော်ငြာသွားမည်ဖြစ်သည်။ အလွှာတစ်လွှာအတွက် အမှုဆောင် နှစ်ဦးကို မဲစနစ်နှင့် ရွေးချယ်မည်ဖြစ်သည့်အတွက် ရုပ်ရှင်အလွှာ (၁၀)လွှာအတွက် အမှုဆောင် (၂၀)ဦး ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကာလကို မတ်လမှ စက်တင်ဘာလထိ ရာထားသတ်မှတ်ထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရှိရသည်။
Ref:မြစ်မခ







