BEC-TERO TV

အပြောင်အပျက်လွန်၍ စက်လှေခါးပေါ်မှ အမျိုးသမီးတစ်ဦး ဇောက်ထိုးပြုတ်ကျသေဆုံး

15 Feb 2017     1,863 Views


အမေရိကန်နိုင်ငံ နယူးယောက်ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အဆောက်အဦတစ်ခုဖြစ်သည့် အိုကူလပ်စ် အဆောက်အဦတွင် စနေနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က စက်လှေခါး လက်ရန်းပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျကာ သေဆုံးခဲ့ရသည်။
 
 
နယူးဂျာစီမှ အသက် ၂၉ နှစ်အရွယ် ဂျန်နီစန်တော့စ်ဆိုသူ အမျိုးသမီးသည် သူမ၏ အမွှာညီမဖြစ်သူနှင့်အတူ နယူးဂျာစီသို့ သွားမည့် ရထားရှိရာပလက်ဖောင်းသို့ သွားစဉ် စက်လှေခါးပေါ်၌ အပြောင်အပျက်သဘောနှင့် ရွေ့လျားနေသော စက်လှေခါး လက်ရန်းပေါ်သို့ ဝမ်းလျားမှောက်လျှက် စောက်ထိုးအနေအထားနှင့် ခြေလွတ်လက်လွတ် ပျံသန်းနေသည့် ပုံစံပြုလုပ်စဉ် ဟန်ချက်မညီဖြစ်ကာ ၃၄ပေ အမြင့်နေရာမှ အောက်ထပ် ကျောက်ပြားခင်း ကြမ်းပြင်ပေါ်သို့ ဇောက်ထိုး ဦးခေါင်းနှင့် ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
 
 
 
ကြမ်းပြင်နှင့် ဦးခေါင်းစောင့်မိကာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ဦးခေါင်းမှ သွေးအများအပြား ထွက်ခဲ့ကြောင်း သတင်းရရှိသည်။
 

15 Feb 2017     1,863 Views




RELATED

Most Popular of International News

Most Popular of NEWS