BEC-TERO TV

ချစ်သူ က အိမ်မက်ထဲက ချစ်သူနဲ့တပုံစံထဲပါဆိုတဲ့ ဆန်းသစ်လှ

15 Feb 2017     1,351 Views


သရုပ်ဆောင်မော်ဒယ် ဆန်းသစ်လှဟာ သူမ ချစ်သူနဲ့ ချစ်သူသက်တန်း ၁၀ လကျော်ပြီလို့ အသိပေးလိုက်ပါပြီ။သက်တူရွယ်တူ လဲဖြစ်ပြီးနှစ်ဖက်မိဘတွေကလဲ အဆင်ပြေကြပါတယ် ။ ရွှေလတို့ ရဲ့ အချစ်ရေးက စိတ်ချမ်းမြေ့စရာလို့ ပြောလို့ ရပါတယ်။ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာတွေ့ဖြစ်ကြတာပါ ။ ချစ်တဲ့ ပရိတ်သတ်ကြီးကိုလဲ မလိမ်ညာချင်လို့ အမှန်အတိုင်းဖွင့် ပြောတာပါ ။ လက်ထပ်ဖို့အထိလဲရည်ရွယ်ထားပါတယ် ။

စတွေ့တုန်းက ရွှေလအပေါ် အာ့လောက်နားလည်ပေးလိမ့်မယ်လို့ မထင်ထားဘူး စတွဲထဲကတစ်သက်လုံးအတွက် ရည်ရွယ်ပြီးတွဲခဲ့တာပါ ။ အချစ်ရေးနဲ့ ပတ်သတ်ပြီးရွှေလက ကံကောင်းတဲ့ သူပါ ပထမဦးဆုံးအချစ်မှာပဲ ကံကောင်းခြင်းတွေကိုရခဲ့တယ် ။မရည်ရွယ်ထားပေမယ့် ဘုရားကပေးတဲ့ လက်ဆောင်ပါ ။

ပရိတ်သတ်ကြီးကိုလဲ ချစ်သူကောင်းတွေ ပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်လို့ ပြောထားပါတယ်။ ညီမလေးတွေကိုလဲ အသက် ၂၀ ကျော်မှ စဉ်းစားစေချင်ပါတယ်။ ဒါမှတွေးခေါ်ချိန်စနိုင်မှာပါ ။ ဝေးနေကြတဲ့ ချစ်သူတွေလဲ အမြန်နီးကြပါစေ ။ တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိရှိချစ်သွားကြပါလို့ ရွှေလ အကြံပေးချင်ပါတယ်လို့ ပြောထားပါတယ် ။

Credit:Oasis


15 Feb 2017     1,351 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment