BEC-TERO TV

ကင်မ်ဂျုံအန်း၏ အစ်ကို လုပ်ကြံခံရမှုအတွက် ဒုတိယမြောက် သံသယရှိသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီး

16 Feb 2017     1,482 Views


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ အစ်ကို လုပ်ကြံခံရမှုနှင့် ဆက်စပ်ပြီး ဒုတိယမြောက် မသင်္ကာသူ အမျိုးသမီး တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း မလေးရှား ရဲတပ်ဖွဲ့က ကြေညာသည်။ ကင်မ်ဂျုံအန်း၏ ဖအေတူ မအေကွဲ အစ်ကိုတော်စပ်သူ ကင်မ်ဂျုံနမ်သည် ကွာလာလမ်ပူမှ ၎င်းနေထိုင်ရာ မကာအိုသို့ပြန်ရန် လေဆိပ်သို့ ရောက်ရှိနေချိန်တွင် အဆိပ်ဖြင့်ဟု ယူဆရသော လုပ်ကြံမှုတစ်ခု ကြုံတွေ့ပြီး အသက်ဆုံးရှုံးခဲ့သည်။ အဆိုပါ လုပ်ကြံမှုသည် ၎င်းနှင့် ဆက်ဆံရေး တင်းမာမှုများ ရှိနေသည့် မြောက်ကိုရီးယား ခေါင်းဆောင်၏ စေခိုင်းမှုဟု ကောလာဟလများ ထွက်ပေါ်နေည်။ ဖေဖော်ဝါရီ ၁၅ ရက်တွင် မလေးရှား ရဲများက ကင်မ်ဂျုံနမ်၏ လုပ်ကြံမှုနှင့် ဆက်စပ်၍ သံသယ တရားခံ အမျိုးသမီး တစ်ဦးကို ဖမ်းဆီးခဲ့သည်။

အဆိုပါ အမျိုးသမီးမှာ ဗီယက်နမ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး မြောက်ကိုရီးယား အေးဂျင့်ဟုတ်မဟုတ် စစ်ဆေးနေဆဲ ဖြစ်သည်။ အစောပိုင်းက ယင်းအမျိုးသမီးမှာ မြန်မာနိုင်ငံမှဟု သတင်းအမှားအချို့ ထွက်ပေါ်ခဲ့သေးသည်။ ယခုအခါ မလေးရှား ရဲတပ်ဖွဲ့သည် ဒုတိယမြောက် အမျိုးသမီး တစ်ဦးကိုလည်း ယင်းအမှုနှင့် ဆက်စပ်၍ ထပ်မံဖမ်းဆီးခဲ့သည်။ ဒုတိယမြောက် ဖမ်းဆီးမှုနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းတွင် ထုတ်ပြန်မည်ဟု ယုံကြည်ရသည်။ ရဲတပ်ဖွဲ့က ၎င်းတို့သည် နောက်ထပ် နိုင်ငံခြားသား အချို့ကိုလည်း ဖြန့်ကျက် ရှာဖွေနေကြောင်း ပြောဆိုထားသော်လည်း အသေးစိတ် မှတ်ချက်ပေးရန် ငြင်းဆိုထားကြောင်း သိရသည်။

Credit : 7daydaily


16 Feb 2017     1,482 Views




RELATED

Most Popular of International News

Most Popular of NEWS