အသက်နဲ့လောင်ကြေးထပ်ကာ ကမ္ဘာ့အမြင့်ဆုံး မိုးပျံတိုက်ပေါ်တွင် ဓါတ်ပုံရိုက်ကူးခဲ့တဲ့ မော်ဒယ်
16 Feb 2017 1,641 Views
နာမည်ကျော် ရုရှားမော်ဒယ်လ်ဖြစ်သူ အသက် ၂၃ နှစ်အရွယ် ဗစ်တိုးရီးယား အိုဒင်ဆိုဗာက မဂ္ဂဇင်းတစ်ခုအတွက် ဓါတ်ပုံရိုက်ကူးမှုကို ဒူဘိုင်းမှာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ပေါ်မှာ အသက်နဲ့ လောင်းကြေးထပ်ရတဲ့ ရိုက်ကူးမှုတစ်ခုမှာ မော်ဒယ်လုပ်ပေးခဲ့ပါတယ်။

အမြင့် ၃၀၆ မီတာ(ပေ ၁၀၀၀၄) မြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး ကရန်တာဝါပေါ်မှာ တွဲလောင်းခိုအနေအထားမျိုးတွေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ တစ်ခုခုမှားယွင်းသွားတာနဲ့ ပြန်လမ်းမရှိတဲ့ အသက်အန္တရာယ်ကို ရင်းနှီးပြီး ရိုက်ကူးခဲ့တဲ့ပုံတွေ ဖြစ်ပါတယ်။

အဆိုပါ ဓါတ်ပုံများ ရိုက်ကူးနေတဲ့ ဗီဒီယိုကို သူမ၏ လူမှုကွန်ယက် တွစ်တာမှာ ပြန်လည် ဝေမျှခဲ့ရာ ကြည့်ရှုသူများပြားခဲ့ပြီး မျိုးစုံဝေဖန်တုံ့ပြန်မှုတွေရခဲ့တဲ့ ဗီဒီယိုလည်း ဖြစ်ပါတယ်။
သူမကိုဉ်တိုင်လည်း ဒီဗီဒီယိုကို ပြန်ကြည့်တိုင်း လက်ဖဝါးမှာ ချွေးစေးတွေ ပြန်လာပြီး သူကိုယ်တိုင် ဒီလိုမျိုး လုပ်နိုင်ခဲ့တာကို မယုံကြည်နိုင်လောက်အောင် ဖြစ်ရတယ်လို့ ဆိုပါတယ်။







