ဆိုးဆေးနဲ့ ဓါတ်မတည့်လို့မျက်လုံးပါအရောင်ပြောင်းသွားပြီး ကန်းလုနီးပါး ဖြစ်ခဲ့ရတဲ့ ကောင်မလေး
16 Feb 2017 1,578 Views

Victoria မှ အသက် ၁၆ အရွယ် Tylah Durie ဟာ မျက်ခုံး၊မျက်တောင်မွေးဆိုးဆေးနဲ့ဓါတ်မတည့်တာကြောင့် မျက်နှာယောင် ယမ်း၊မျက်လုံးဖောင်းကားလာပြီးကန်းလုနီးဖြစ်ခဲ့ပါတယ်။သူမဟာ ကျောင်းသူ တ စ်ယောက်ဖြစ်ပြီး 1000 Hour ရဲ့မျက်တောင်နဲ့မျက်ခုံးဆိုးဆေးကို ၀ယ်ယူ သုံး စွဲပြီး နာရီဝက်လောက်အကြာမှာပါ ယားယံပြီး၊လောင်ကျွမ်းတဲ့ ခံစားချက် မျိုးကို ခံစားခဲ့ရတာပါ။မျက်လုံးပါဖူးယောင်လာပြီး ဖွင့်ရတာအဆင်မပြေ၊ကြည့်ရတာ အဆင်မပြေတဲ့ အထိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
Tylah ဟာ ဆိုးဆေး ထဲမှာပါတဲ့ Paraph enylenediamine (PPD) ဆိုတဲ့ ဓါတုပစ္စည်းနဲ့ ဓါတ်မ တည့်တာကို သတိမထားမိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဓါတ်မတည့်တာတွေ မဖြစ်ရအောင် မသုံးခင်မှာ ကြိုပြီး စမ်းကြည့် တာ မျိုးမလုပ်ပဲ တခါတည်း အသုံးပြုခဲ့တာဖြစ်ပါ တယ်။ဓါတု ပစ္စည်းကြောင့် သူမရဲ့ မျက်ဆန်ပါ အရောင်ပြောင်းပြီး ဒဏ်ဖြစ်ခဲ့ပါတယ်။နောက်တစ်ခါဒီလို ထပ်ဖြစ် ရင် အသက်သေဆုံးတဲ့ အထိ ဖြစ်နိုင်တယ်လို့ဆရာဝန်က သတိပေးခဲ့ပါတယ်။ အခု လည်း မျက်လုံးက လုံးဝကန်းသွားတာမျိုးမဟုတ်ပေမယ့် ယာယီလောက်ေ တာ့ အမြင် အာရုံချို့ယွင်းတာမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။ မျက်တောင်မွှေး နဲ့မျက် ခုံးမွှေးကို နောက်ဆိုရင်ဘယ်တော့မှ ကိုယ့်ဟာကိုယ်ေ ဆးဆိုး တာမျိုး မလုပ်တော့ဘူးလို့ Tylah ကပြောပါတယ်။မျက်တောင်မွှေးနဲ့ မျက်ခုံးမွှေး အေ ရာင်မှိန် တဲ့သူတွေအတွက် ဆိုးဆေးတွေထွက်ပေါ်လာ တာဖြ စ်ပါတယ်။အရော င်ဆိုးပြီးနောက်၊(၁၀)မိနစ်လောက်ထားပြီး ရေနဲ့ဆေးချတဲ့အ ထိ ဘာမှမဖြစ်ခဲ့ သလို၊ရလဒ်အတွက် စိတ်ကျေနပ်ခဲ့ရကြောင်း၊ဒါပေမယ့် နာရီ ၀က်လောက်အ ကြာမှာတော့ မျက်လုံးနားမှာ စပြီးယားယံလာခဲ့တယ်လို့ သူမရဲ့ အတွေ့အကြုံ ကို နောက်လူတွေ ဆင်ခြင်နိုင်ဖို့ ပြန်ပြောပြခဲ့ပါတယ်။
ဆိုးဆေး မှာပါတဲ့ ဓါတု ပစ္စည်းနဲ့ဓါတ်မတည့်တာကြောင့် မျက်ခုံးမွေးနဲ့မျက်တောင်မွေးတွေ လည်း ကျွတ် ကျကုန်ခဲ့ပါတယ်။ သူမနဲ့ဓါတ်မတည့်တဲ့ Paraphenylenediamine (PPD) ဆိုတာဟာ ဆံ ပင် ၊မျက်ခုံး၊မျက်တောင် ဆိုးဆေးနဲ့တက်တူးတွေမှာသုံးတဲ့ ဆိုးဆေး(မှင်)တို့မှာပါတဲ့ ဓါတုပစ္စည်းတစ်မျိုးပါ။PPD နဲ့ဓါတ်မတည့်မှုအကြောင်းကို ကျွမ်းကျင်တဲ့ ပညာရှင် Gina Taro ကပြောရာမှာ PPD ရဲ့allergic Reactions တွေ ကတော့ မျက်လုံးကိုယားယံတာ၊ အရေပြားကိုလောင်တာ၊မီးလောင်ဖုနဲ့ ဦးရေပြား တစ်ခု လုံး လောင်သလိုမျိုးခံစားရတာတွေဖြစ်ပါတယ်။
တစ်ချို့ဆိုရင် အသက် မရှုနိုင်ဖြစ် ပြီး အသက်ဆုံးရှုံးရတဲ့ အထိဖြစ်နိုင်ပါတယ်။ခန္ဓာကိုယ် တွင်းက သွေး လှည့်ပတ် တဲ့ လမ်းကြောင်းထဲအထိ အရောင်တွေဝင်သွားတဲ့ အထိ ဖြစ်တာေ တွလည်း ရှိပါတယ်။ ဆံပင်ဆိုးဆေး၊မျက်ခုံးနဲ့မျက်တောင်မွေး ဆိုးဆေးတွေကို လူတော်တော် များများ က ကိုယ်နဲ့ဓါတ်တည့်၊မတည့် အရင်စမ်းပြီးမှ သုံးတာမျိုး မလုပ်ပဲ တခါတည်း အသုံးပြုနေကြတာတွေဟာ အလွန်အန္တရာယ်များပါတယ်။
ဘယ်လိုဆိုးဆေးကို မဆို မသုံးခင်မှာ (patch test)ဆိုတဲ့ စမ်းသပ်မှုကို အရင်လုပ်သင့်ပါတယ်။ (patch test) ဆိုတာကတော့ ဓါတ်မတည့်တဲ့ allergic Reactions တွေ မဖြစ်ရအောင် ကြိုတင်ကာကွယ်တဲ့ စမ်းသပ်မှုပါ။ဆိုးဆေးကို အသုံးမပြုခင် အ ထဲမှာပါတဲ့ စာရွက်ထဲက အညွှန်းစာတွေကိုအရင်ဖတ်ပါ။ပြီးရင်တော့ ဆိုးဆေး အစက်အနည်းငယ်ကို နားရွက်နောက်(သို့)တံတောင်ဆစ်နောက်မှာ ချပြီး (၄၈)နာရီကြာအောင် ထားပြီး စောင့်ကြည့်ရမှာပါ။ဘာမှမဖြစ်ဘူးဆိုရင်တော့ အသုံးပြုနိုင်ပါတယ်။တကယ်လို့ အသား၊ဆံပင်အရောင်ပြောင်းတာ၊ယားယံတာ စတဲ့ allergic Reaction တစ်ခုခုဖြစ်ပေါ်တယ်ဆိုရင်တော့ ကျွမ်းကျင်နား လည်တဲ့ ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့ လိုပါတယ်။
Credit:Shwemom