BEC-TERO TV

အိုင်အက်စ် အိုင်အက်စ်သေခံဗုံးခွဲသမား ကံဆိုးတဲ့နေ့

16 Feb 2017     1,625 Views


အိုင်အက်စ်စစ်သွေးကြွတဦးဟာ ဆီးရီးယားအတိုက်အခံ စစ်သားတွေအနီး အသေခံ ဗုံးဖောက်ခွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့ချိန်မှာ ပစ်မှတ်အနားမရောက်ခင်မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် အောင်မြင်မှုမရခဲ့ပဲ သူသာ သေဆုံးခဲ့ရပါတယ်။
 
ဒီအဖြစ်အပျက်ဟာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့ ရာကွာမြို့အနီးမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖော်ပြပါတယ်။ သူဟာ စစ်သားတွေအနီး ဖောက်ခွဲချိန်မှာ အကွာအဝေး အတော်လှမ်းနေခဲ့တာမို့ တဦးတယောက်မှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘဲ ဗုံးဟာ သူ့ဆီမှာတင် ပေါက်ကွဲသွားခဲ့တာပါ။
 
အဆိုပါရုပ်သံဗွီဒီယိုဖိုင် အင်တာနက်စာမျက်နှာတွေပေါ်မှာ ထွက်ပေါ်ခဲ့ပြီး အချိန်အနည်းငယ်အတွင်းမှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ မြင့်တက်လျှက်ရှိပါတယ်။
 
Credit:DVB

16 Feb 2017     1,625 Views




RELATED

Most Popular of International News

Most Popular of NEWS