ဇွဲကပင်တောင်ပေါ်မှ နိုင်ငံခြားသားတစ်ဦး ခုန်ချပြီး အဆုံးစီရင်
19 Feb 2017 1,751 Views

ဖေဖော်ဝါရီလ ၁၇ ရက် ညအချိန် ၇ နာရီခန့်က ကရင်ပြည်နယ် ဇွဲကပင်တောင်၏ အမြင့်ဆုံးနေရာမှ နိုင်ငံခြားသားတစ်ဦး ခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း သတင်းရရှိသည်။
ဇွဲကပင်တောင်၏ အမြင့်ဆုံနေရာဖြစ်သော ပေပေါင်း ၂၇၃၀ အမြင့်နေရာတွင် တည်ထားသော ဓမ္မစေတီနေရာမှ အောက်ဖက်ချောက်ထဲသို့ ခုန်ချသွားခဲ့ခြင်းဖြစ်သည်။ ဇွဲကပင်တောင် ဆရာတော်မှ မှန်ပြောင်းဖြင့် အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ကရင်မီးသတ်အဖွဲ့ဝင်များ၊ ဘားအံမြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲဝင်များက ချောက်ကပါးအောက်ဆင်း၍ ရှာဖွေခဲ့ရာ ခုန်ချခဲ့သည့်နေရာနှင့် ကိုက် ၁၀၀ ခန့်တွင် မှောက်လျက်အနေအထားဖြင့် သေဆုံးနေကြောင်းတွေ့ရှိခဲ့ပြီး အလောင်းအား ခက်ခဲစွာ ပြန်လည် ဆွဲယူသယ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
တောင်ထိပ်မှ ခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် နိုင်ငံခြားသားမှာ မည်သည့်နိုင်ငံသား ဖြစ်သည်ဆိုတာကို အတည်ပြုနိုင်ရန် နယ်မြေခံရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းလျှက်ရှိကြောင်း သတင်းရရှိသည်။
Ref:MyanmarAlin







