BEC-TERO TV

နှလုံး(Heart) အပြင်ဘက်ကို ထွက်နေတဲ့ ၇ နှစ်သမီးငယ် ဘဝဖြတ်သန်းမှု ရုပ်သံ

20 Feb 2017     1,307 Views


ဗာဆာဗီရာ ဆိုတဲ့ မိန်းကလေးဟာ အခြားသာမန်လူတွေနဲ့ မတူပဲ မွေးရာပါ သူရဲ့ နှလုံးက အပြင်ဘက်ကို ဆူထွက်နေတဲ့ ကလေးတစ်ဦးဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးဟာ မွေးဖွားတဲ့ ကလေးအယောက် တစ်သန်းမှာ တစ်ယောက်တောင် ဖြစ်နိုင်ခဲတဲ့ အနေအထားမို့ ဆရာဝန်က အခက်ခဲဆုံး အခြေနေကိုရင်ဆိုင်ဖို့ ပြင်ဆင်ထားရန် မိခင်ဖြစ်သူကို သတိပေးခဲ့ပါတယ်။
မွေးပြီးကာစမှာ ကလေးဟာ ကြာကြာအသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ ဆရာဝန်တွေက မှတ်ချက်ပေးခဲ့ပေမယ့် ဗာဆာဗီရာအသက်ဆက်ရှင်ခဲ့ပါတယ်။
 
 
ဗာဆာဗီရာကို ရုရှားနိုင်ငံမှာ မွေးဖွားပြီး အခုဆိုရင် သူမဟာ အသက် (၇ နှစ်)အရွယ်ကို ရောက်နေပါပြီ။ အခြားကလေးတွေ နည်းတူ၊ ကတာ၊ ပန်းချီဆွဲတာတို့ကို ပုံမှန်အတိုင်းပဲ လုပ်ဆောင်နိုင်ပါတယ်။ သူမရဲ့ နှလုံးဟာ အပြင်ကို ဆူထွက်နေတာမို့ ကစားတဲ့အခါမှာ အရမ်းကို သတိထားရပါတယ်။ အင်္ကျီဝတ်တဲ့အခါ နှလုံးရဲ့နေရာမှာ ထူထူထဲထဲ အကာကွယ်ရအောင် အဝတ်တစ်ခုခု ခံထားပြီးဝတ်ဆင်ရပါတယ်။ နှလုံးဟာ လုံးဝအထိခိုက်မခံတဲ့ အရာမို့ ကစားခုန်စား လုပ်ရမှာ အရမ်းသတိထားရပါတယ်၊ သူရဲ့ အခြေအနေဟာ ပြေးဖို့ မသင့်တော်ပေမယ့် သူက ပြေးရတာကို နှစ်သက်သူလည်းဖြစ်ပါတယ်။
 
 
မိခင်ဖြစ်သူ ဒါရီဘွန်းက သမီးငယ်ရဲ့ နှလုံးကို ခွဲစိပ်ကုသနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ အမေရိကကို ပြောင်းရွေ့ခဲ့ပေမယ့် နှလုံးခွဲစိပ်ကုသဖို့အတွက် သမီးငယ်ရဲ့ သွေးပေါင် မပြည့်မီတဲ့အတွက် ဘယ်ဆရာဝန်မှ မခွဲစိတ်ရဲပါဘူး၊ ဒါ့အပြင် ကလေးဟာ မကြာခင်သေမှာပဲလို့ အားလုံးက ပြောကြပါတယ်။ 
အခုဆိုရင် ဟောလိဝုဒ်ကို ပြောင်းရွေ့နေထိုင်ကြပြီး သမီးငယ်ခွဲစိပ်နိုင်ဖို့ လိုအပ်တဲ့ သွေးပေါင်ချိန်ပြည့်မီအောင် ကြိုးစားနေဆဲဖြစ်ပါတယ်။ 
 
Ref:BBC

20 Feb 2017     1,307 Views




RELATED

Most Popular of Special or Others

Most Popular of Life Style