အင်္ဂလိပ်စာသင်တန်းဖွင့်မယ့် ဟန်သီ
20 Feb 2017 2,223 Views

အနုပညာအလုပ်တွေကို လုပ်ကိုင်နေရင်း နိုင်ငံရပ်ခြားမှာ ကျောင်းတက်နေတဲ့ အလှမယ် ဟန်သီတစ်ယောက် ဆရာမ လုပ်အုံးမယ်လို့ သိရပါတယ် ။ ကလေးအတွက် ပညာဒါနအဖြစ် အင်္ဂလိပ်စာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးသွားမယ်ဖြစ်တယ်လို့လည်း သိရပါတယ် ။ တစ်ပတ်ကို နှစ်ရက်လောက် ပညာဒါနအနေနဲ့ အခမဲ့ တက်ရောက်နိုင်မယ့် အင်္ဂလိပ်စာသင်တန်းတစ်ခုကို ဖွင့်ဖို့ စီစဉ်နေပါတယ်။

သင်ပေးမယ့် ကလေးတွေအရွယ်ကတော့ အသက်(၈)နှစ်ကနေ(၁၂)နှစ်အထိ တစ်ဝိုင်းကို ငါးယောက်လောက်သင်ပေးဖို့ စဉ်းစားထားတယ်လို့လည်း သိရပါတယ်။ သင်တန်းကိုလည်း တောင်ဥက္ကလာမှာရှိတဲ့ သူမရဲ့ နေအိမ်မှာပဲ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဟန်သီဟာ လက်ရှိမှာ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ရှိုးပွဲတွေမှာ တွေ့မြင်ရသလို သီချင်းတွေလည်း ဆိုဖြစ်တယ်လို့ သိရပါတယ်။
ဟန်သီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် တစ်ဦးဖြစ်ပြီး Miss Asia & Oceania Queen ဆုနဲ့ Miss Internet ဆုတွေရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဂီတပိုင်းအနေနဲ့လည်း မချစ်တတ်သေးဘူးဆိုတဲ့ စီးရီးကို ထွက်ရှိထားပြီး ဇာတ်ကားရိုက်ကူးမှုတွေကိုလည်း လက်ခံနေပြီ ဖြစ်တယ်လို့ သိရပါတယ်။






