BEC-TERO TV

ယောက္ခမလောင်းက သဘောမတူလို့ ချစ်သူမိန်းကလေးကို ဓါးဖြင့်ခြိမ်းခြောက်ကာ လူပုံအလယ်တွင် ကိုယ်လုံးတီးချွတ်ပြီး အရှက်ခွဲသူ

20 Feb 2017     2,366 Views


တရုပ်နိုင်ငံက အမျိုးသားတစ်ဦးက သူ၏ချစ်သူရည်းစား ကောင်မလေး၏ မိဘများက သူ့ကို ငြင်းပယ်လိုက်ခြင်းအပေါ် အကြီးအကျယ်စိတ်ဆိုးကာ ရည်းစားဖြစ်သူကို အိမ်ခေါင်မိုးပေါ် သို့ ခြိမ်းခြောက်ခေါ်တင်ပြီး အဝတ်အစားများ ချွတ်ခိုင်းပြီး အရှက်ခွဲခြင်း ဖြစ်သည်။
 
 
အသက် ၃၂ နှစ်အရွယ် ဆောက်လုပ်ရေး အလုပ်သမား “လင်း” ဆိုသူအား သူ၏ချစ်သူ မိန်းကလေး မိဘများက လက်ထပ်ရန် သဘောမတူကြောင်း ငြင်းပယ်ခံခဲ့ရသဖြင့် ဒေါသအိုး ပေါက်ကွဲကာ သမီးဖြစ်သူကို လူသိရှင်ကြား အရှက်ခွဲခဲ့ခြင်းဖြစ်သည်။ 
 
 
အသားခုတ်ဓါးမနှင့် ချိန်ရွယ်ကာ မိန်းကလေးကို ဓါးစာခံအဖြစ် အိမ်ခေါင်မိုးတစ်ခုပေါ်သို့ ခေါ်တင်သွားခဲ့သည်။ လက်နက်ကိုင်ရဲများနှင့် ဝိုင်းဝန်းကြည့်ရှုနေသူများကြားတွင် သူက ကိုယ်လုံးတီး ချွတ်ချလိုက်သည်။
 
 
ထို့နောက် မိန်းကလေးအား သူမ၏ အိမ်နီးချင်းများရှေ့တွင် သိက္ခာကျစေရန် ဓါးဖြင့်ခုတ်သတ်မည်ဟု ခြိမ်းခြောက်၍ အဝတ်အစားများ ချွတ်ခိုင်းခဲ့သည်။
 
 
 
ရဲများနှင့် ပတ်ဝန်းကျင်မှလူများက အောက်သို့ ဆင်းလာရန် ဝိုင်းဝန်းဖျောင်းဖျခဲ့ပြီးနောက် သူတို့နှစ်ဦး ထွက်ပြေးရန်အတွက် ကားစီစဉ်ပေးဖို့ ရဲများကို တောင်းဆိုခဲ့ပါတယ်။
 
 
ရဲများက အနီးနားရှိ တက္ကစီတစ်စီးအား စီစဉ်ပေးခဲ့ပြီး သူတို့ စုံတွဲ အောက်ရောက်လာသည့်အချိန် တက္ကစီရှိရာသို့ သွားစဉ်တွင် အမျိုသားအား  ရဲများက အတင်းဝင်ရောက်ဖမ်းဆီးခဲ့သည်။ အထက်ပိုင်းဗလာနှင့် အမျိုးသားကို လက်ထိပ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်။
 
 
 
 
ယခုအခါ အဆိုပါပြစ်မှုအတွက် ထောင်ဒဏ်နှစ်ရှည်ကျခံရရန်ရှိနေကြောင်း သတင်းရရှိသည်။ 
 

20 Feb 2017     2,366 Views




RELATED

Most Popular of Special or Others

Most Popular of NEWS