BEC-TERO TV

ပိုက်ဆံ ၁၅ ပြားအတွက် ခေါင်းဖြတ်သတ်ခံခဲ့ရသူ

21 Feb 2017     1,275 Views


တရုပ်နိုင်ငံက စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးကို စားသုံးသူဖောက်သည်တစ်ဦးက ပိုက်ဆံ ၁၅ ပြားပိုယူတယ်လို့ စွပ်စွဲပြီးနောက် အခြားစားသုံးသူတွေရှေ့မှာပဲ ခေါင်းဖြတ်သတ်ခဲ့ကြောင်း စီချွမ်းရဲဌါနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
ဖြစ်စဉ်မှာ အသက် ၂၂ နှစ်အရွယ် “ဟူ” ဆိုသူအမျိုးသားသည် စားသောက်ဆိုင်သို့ လာရောက်ခဲ့ပြီးနောက် ခေါက်ဆွဲ သုံးပွဲမှာယူစားသောက်ခဲ့သည်။ ထို့နောက် ပိုက်ဆံရှင်းရန် ဘီလ်တောင်းသည့်အခါ ဘီလ်စာရွက်ကိုကြည့်ပြီးနောက် ခေါက်ဆွဲ သုံးပွဲစာအတွက် တရုပ်ငွေ ၁၅ ပြားပိုယူထားကြောင်း ဆိုင်ပိုင်ရှင်အား ဒေါသတကြီးပြောဆိုခဲ့သည်။ 
 
ဆိုင်ပိုင်ရှင်က ပိုမယူထားကြောင်း ပြောဆိုငြင်းခုန်ရင်း ရန်ဖြစ်ကာ လုံးထွေးသတ်ပုတ်နေချိန်တွင် “ဟူ” က ဆိုင်ပိုင်ရှင်၏ ခေါင်းအား ဓါးဖြင့်ခုတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် လူအများရှေ့မှာပင် ပြတ်နေသော ဆိုင်ရှင်၏ ဦးခေါင်းကို ဆွဲယူကာ အမှိုက်ပုံးထဲ ပစ်ထည့်ခဲ့သည်။
 
ဆိုင်တွင်းရှိလူများက ဆိုင်ရှင်၏ တူမဖြစ်သူနှင့် ရဲဌါနကို အကြောင်းကြားခဲ့သည်။ အသက် ၄၂ နှစ်အရွယ် ဆိုင်ရှင်ဖြစ်သူသည် စားသုံးသူများကို မှန်မှန်ကန်ကန်ရောင်းချသော ရိုးသားသူဖြစ်ခဲ့ပြီး ပိုက်ဆံ ၁၅ ပြားအတွက် ငြင်းခုန်ရာမှ ယခုလို ခေါင်းဖြတ်အသတ်ခံခဲ့ရခြင်းဖြစ်သည်။
 

21 Feb 2017     1,275 Views




RELATED

Most Popular of Special or Others

Most Popular of NEWS