BEC-TERO TV

မယားငယ်ကို ရန်လုပ်လို့ မယားကြီးဖြစ်သူကို အပိုင်းပိုင်းခုတ်ဖြတ်သတ်ခဲ့သူ

21 Feb 2017     1,303 Views


အိန္ဒိယနိုင်ငံက အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို မယားကြီးဖြစ်သူအား သတ်ဖြတ်ခဲ့မှုအတွက် နယူးဒေလီ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
 
အိမ်နီးနားချင်းများက မခံမရပ်နိုင်အောင် အပုတ်နံ့များ ထွက်လာတဲ့အတွက် နယူးဒေလီရဲအဖွဲ့ကို အကြောင်းကြားခဲ့သဖြင့် ရဲများက လာရောက်စစ်ဆေးခဲ့ရာ ၇၂ နာရီကြာခန့်ထဲက သေဆုံးနေသည့် မယားကြီးဖြစ်သူ၏ အလောင်းအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
ရဲဌါန၏ စစ်ဆေးချက်များအရ အသက် ၄၀ အရွယ် ဆူဘော့ကူးမားဆိုသူ ပိုက်ပြင်သမားသည် ပထမ မယားကြီးနှင့် သမီးနှစ်ယောက်ရှိခဲ့ပြီး ဒုတိယမယားနှင့် ၂ လသား ကလေးငယ်တစ်ဦး ရှိသူဖြစ်သည်။ တစ်အိမ်ထဲနေကြသော မယားနှစ်ယောက် အခန့်မသင့်ဖြစ်ကြရာမှ မယားကြီးက မယားငယ်အား ရန်လုပ်သဖြင့် မခံနိုင်ဖြစ်ကာ မယားကြီးအား သတ်မိကြောင်း ဝန်ခံခဲ့သည်။
 
အဆိုပါနေ့က မယားငယ်နှင့် သူ၏သားသမီးများကို အခန်းတစ်ခုထဲတွင် သောပိတ်ထားပြီးနောက် မယားကြီးဖြစ်သူအား စိတ်ကြိုက်ရိုက်နှက် ခဲ့ခြင်းဖြစ်သည်။ ကြိမ်လုံးနှင့် ရိုက်နှက်ရုံမျှမက အုတ်နံရံနှင့် ခေါင်းဆောင့်ခြင်းများကိုလည်း ပြုလုပ်ခဲ့သဖြင့် မယားကြီးမှာ သေဆုံးသွားခဲ့သည်။
မယားကြီး၏ အလောင်းအား ဖျောက်ဖျက်ရန် ခေါင်းနှင့်ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်ခဲ့ပြီးနောက် အနည်းငယ်စီ စွန့်ပစ်ရန် စီစဉ်ထားခဲ့ရာမှ ပုတ်နံ့ထွက်လာခဲ့ရာမှ လူသတ်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
 
Ref:ဟိန္ဒူတိုင်းမ်စ်
 

21 Feb 2017     1,303 Views




RELATED

Most Popular of Special or Others

Most Popular of NEWS