BEC-TERO TV

မိသားစုနဲ့ သဟဇာတဖြစ်မယ့်သူကိုသာ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မယ့် ဟိန်းဝေယံ

21 Feb 2017     1,779 Views


ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်တို့ မင်္ဂလာပွဲကို အစ်မဖြစ်သူနဲ့အတူ ကြွရောက်ချီးမြင့်ခဲ့တဲ့ ဟိန်းဝေယံက သူ့ရဲ့ အိမ်ထောင်ဖက်ဟာ သူကိုယ်တိုင်လည်း ချစ်ပြီး သူ့ရဲ့ မိသားစုနဲ့ သဟဇာတဖြစ်မယ့်သူကိုသာ ရွေးချယ်မယ်လို့ ဖြေကြားခဲ့ပါတယ်။
 
တစ်ချိန်တုန်းက လူသိရှင်ကြားပေါက်ကြားခဲ့ရတဲ့ ဟိန်းဝေယံနဲ့ အဆိုတော်မင်းသမီးလေးတို့ရဲ့ ဇာတ်လမ်း တစ်ခန်းရပ်သွားခဲ့ပြီးနောက်မှာ အချစ်ရေးနဲ့ ပက်သက်ပြီး ဟိန်းဝေယံတစ်ယောက် ငြိမ်သက်နေခဲ့တာ နှစ်အတန်ကြာခဲ့ပြီးဖြစ်ပါတယ်။ သူ့နဲ့ ပက်သက်ခဲ့ဖူးသူကသာ ဇာတ်လမ်းတွေ တစ်ခုပြီးတစ်ခု အသစ်ဖြစ်နေခဲ့ပါတယ်။
 
အခုအချိန်မှာ ဒီအကြောင်းတွေကို ပြန်တွေးတိုင်း အချစ်ရေးနဲ့ ပက်သက်ပြီး ဆုံးဖြတ်ချက်ချခဲ့တာတွေ အပေါ် မှန်သွားတယ် ဒါမှမဟုတ် သိပ်ကိုမှားခဲ့တယ်ဆိုတဲ့ စိတ်ကူးမျိုး လုံးဝ မကူးမိပါဘူးလို့ ဆိုပါတယ်။ မိမိရဲ့ အိမ်ထောင်ဖက်ဖြစ်လာမယ့်သူအပေါ် ဘယ်လိုပုံစံမျိုးဖြစ်ရမယ်လို့ သတ်မှတ်ထားတာ မရှိပေမယ့် သူကိုယ်တိုင် ချစ်ရတဲ့သူဖြစ်သလို သူ့ရဲ့ မိဘ၊ မိသားစုများနဲ့ သဟဇာတဖြစ်မယ့် သူမျိုးကိုသာ ရွေးချယ်မယ်လို့ အိုအေစစ် ဂျာနယ်နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
 
Ref:အိုအေစစ်
 

21 Feb 2017     1,779 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment