BEC-TERO TV

ပြည်ပမှမော်တော်ယာဉ် ဝယ်ယူတင်သွင်းသူများအား က.ည.န မှ ထပ်မံအသိပေးနှိုးဆော်

23 Feb 2017     1,791 Views


ပြည်ပမှ မော်တော်ယာဉ် ဝယ်ယူတင်သွင်းသူများ နစ်နာမှုမရှိစေရန် မော်တော်ယာဉ် မှတ်ပုံတင်စစ်ဆေးရာ၌ ဘောငါအမှတ်ဖောက်ထည့်ထားခြင်း၊ မူလစက်ရုံထုတ်ပုံစံ မဟုတ်ဘဲ ဘောင်/ကိုယ်ထည်အမှတ် ပြန်ရိုက်ထားခြင်းများကို ဖေဖော်ဝါရီလ (၂၈)ရက် နောက်ပိုင်းတွင် လုံးဝ ခွင့်ပြုဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း ထပ်မံအသိပေးနှိုးဆော်စာ တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့သည်။
 
 
လက်ရှိတွင် ပြည်ပမှ သွင်းလာသော အထက်ပါပြစ်ချက်ရှိသည့် မော်တော်ယာဉ်များကို ဒဏ်ကြေးငွေ သတ်မှတ်၍ မှတ်ပုံတင်ပေးခြင်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်နေ့ နောက်ဆုံးထားကာ ဆောင်ရွက်ပေးလျှက်ရှိပြီး ကျော်လွန်သွားပါက လုံးဝ(လုံးဝ) မှတ်ပုံတင်ခွင့်ပြုမည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌါန ၏ လူမှုကွန်ယက်စာမျက်နှာ (ShweMyin Thar)တွင် ဖေဖော်ဝါရီ (၂၂)ရက်နေ့ က ထုတ်ပြန်အသိပေးလိုက်ခြင်းဖြစ်သည်။
 

23 Feb 2017     1,791 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS