ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ အိုဘားမား ဝင်ရောက်ယှဉ်ပြိုင်မှာလား..?
27 Feb 2017 1,585 Views
ပြင်သစ်နိုင်ငံက သူငယ်ချင်းလေးယောက် ပူးပေါင်းပြီး အမေရိကန်သမ္မတောင်းဟောင်း “အိုဘားမား” ကို နောက်လာမယ့် ၂၀၁၇ ခုနှစ် ပြင်သစ်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့်သူ တစ်ဦးအဖြစ် အိုဘားမားပုံနှင့် ပိုစတာတွေကပ်ကာ အပျော်သဘောသက်သက် လုပ်ဆောင်ခဲ့ပေမယ့် ဒီကိစ္စကို ထောက်ခံသူတွေ များပြားလာနေခဲ့ပါတယ်။
အွန်လိုင်းကနေ ထောက်ခံမှုကောက်ခံခဲ့ရာ လတ်တလောတွင် ၄၀,၀၀၀ ကျော်က သဘောတူညီမှုရနေပြီး နောက်လဆိုရင် တစ်သန်းကျော်ရှိလာမယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီကိစ္စကို ဦးဆောင်သူတွေက ဘီယာမူးမူးနဲ့ လျှောက်လုပ်ခဲ့တာဖြစ်ပေမယ့် ပြင်သစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်သူတွေရဲ့ အရည်အချင်းကို အားမရတဲ့ သူတို့ရဲ့ စိတ်ကို ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။
ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် မေလအတွင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။






