YBS ယာဉ်လိုင်းများ စည်းကမ်းဖောက်မှုကို တိုင်ကြားနိုင်မည့် မိုဘိုင်းအပလီကေးရှင်း YRTA ထုတ်ပေး
28 Feb 2017 1,808 Views

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ YBS ယာဉ်များ စည်ကမ်းဖောက်ဖျက်ခဲ့ပါက အချိန်နှင့်တစ်ပြေးညီ လွယ်ကူစွာ သတင်းပေးတိုင်ကြားနိုင်မည့် မိုဘိုအပလီကေးရှင်း “Yangon Bus Report” ကို ထုတ်ပေးခဲ့ပြီး အွန်လိုင်းမှ တိုက်ရိုက်တိုင်ကြားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
.jpg)
အဆိုပါ မိုဘိုအပလီကေးရှင်းထဲတွင် ပြည်သူက တိုင်ကြားထားသော အကြောင်းအရာများနှင့် အရေးယူဆောင်ရွက်မှုအခြေအနေတို့ကိုပါ အမျိုးအစားအလိုက် တစ်ပါတည်း ကြည့်ရှုနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြောကြားခဲ့သည်။
.jpg)
တိုင်ကြားထားသော YBS မော်တော်ယာဉ်များ၏ စည်းကမ်းချိုးဖောက်မှုများကို လက်ရှိတွင် ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေနှင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
Ref:TheVoice







