BEC-TERO TV

ကဖင်းဓာတ် ပါသော အချိုရည်ကို အလွန်အကျွံ သောက်ခြင်းသည်

01 Mar 2017     1,409 Views


ကဖင်းဓာတ် ပါသော အချိုရည် သောက်သုံးသည့် ကလေးများကို လေ့လာ ကြည့်ရာတွင် ယခင်က တွေ့ရှိ ရသည်ထက် ပို၍ ရှုပ်ထွေးသော အကျိုး သက်ရောက်မှု များကို တွေ့ရသည်။ သုတေသန ပြုချက်များ အရ လူပျို၊ အပျို ဖြစ်ပြီးနောက် ကဖင်းဓာတ် ပါသော အချိုရည်ကို သောက်သုံးလျှင် ယောကျ်ားလေး များနှင့် မိန်းကလေး များတွင် အကျိုး သက်ရောက် ပုံချင်း မတူကြပေ။
 
ထိုသို့ အကျိုး သက်ရောက်ပုံချင်း မတူပုံမှာ ယောကျ်ားလေး များက မိန်းကလေး များထက် နှလုံးခုန်နှုန်း ပိုများကာ သွေးဖိအား ကိုလည်း ပိုများစေခြင်း ဖြစ်သည်။ မိန်းကလေး များသည်လည်း ကဖင်းဓာတ် ပါသော အချိုရည်ကို ဓမ္မတာပေါ်ချိန် အတွင်း သောက်သုံးလျှင် ဓမ္မတာရက် အပြောင်းအလဲ ဖြစ်ပေါ် စေသည်ကို လေ့လာ သိရှိရသည်။ သုတေသီ များသည် ကလေး ၉၆ ဦးအား လေ့လာရာ၌ သူတို့၏ နှလုံးခုန်နှုန်း များနှင့် သွေးဖိအား များသည် ကဖင်းဓာတ် ပါသော အဖျော် ယမကာများ သောက်သုံးသည့် အခါ မသောက်မီနှင့် သောက်ပြီးနောက် အခြေအနေကို ဓာတ်ခွဲခန်း၌ ခြောက်ကြိမ် လေ့လာ ခဲ့သည်။
 
အမျိုးသားနှင့် အမျိုးသမီး လိင်မတူညီမှု နှင့် ကဖင်းဓာတ် ပါဝင်သော အချိုရည်ကို မည်မျှ သောက်သုံးသင့် သည်ဟူသော ဆက်သွယ် ချက်ကို လေ့လာရာတွင် အပျိုဖော်၊ လူပျိုဖော် မဝင်မီ အချိန်တွင် ထူးခြားမှု မရှိသော်လည်း အပျိုဖော်၊ လူပျိုဖော် ဝင်ပြီးနောက် တွင် ထူးခြားမှု ရှိလာသည်ဟု ဘတ်ဖဲလို တက္ကသိုလ်မှ ဂျင်နီဗာကမ်းပဲလ် က ပြောသည်။ 
 
အမျိုးသမီး များ၏ ဓမ္မတာ ဖြစ်နေစဉ် ကာလတွင် အစပိုင်း၌ နှလုံးခုန်နှုန်း ကျဆင်း သွားကာ နောက်ပိုင်းတွင် သွေးဖိအားများ တိုးတက် လာစေကြောင်း တွေ့ရသည်။ ထို့ကြောင့် ကဖင်းဓာတ် ပါသော အချိုရည် သောက်သုံးမှု ကလည်း ယခုနှစ် ပိုင်းများတွင် ကလေးငယ်များ နှင့် ဆယ်ကျော်သက်များ ၌ တိုးလာကြောင်း တွေ့ရသည်။ ထို့ကြောင့် ကဖင်းဓာတ် ပါသော အချိုရည် အလွန်အကျွံ သောက်သုံးမှုကို သတိထား ဆင်ခြင် သင့်ကြောင်း သိရှိနိုင် ပါရန် ရေးသား တင်ပြလိုက် ရပါသည်။ 
 
Credit : health.thithtoolwin

01 Mar 2017     1,409 Views




RELATED

Most Popular of Health Fix

Most Popular of Life Style