BEC-TERO TV

ရွှေတိဂုံစေတီတော်တွင် ဖိနပ်အပ်ခနှင့် သန့်စင်ခန်းခ ကန်ထရိုက်စနစ်များ ဖျက်သိမ်း

03 Mar 2017     1,222 Views


ရွှေတိဂုံစေတီတော်တွင် ကန်ထရိုက်စနစ်နှင့် လုပ်ကိုင်နေသော ဖိနပ်အပ်ခနှင့် သန့်စင်ခန်းခ ကောက်ခံမှုများကို မတ်လ ၁ ရက်နေ့မှ စတင်ဖျက်သိန်းခဲ့ကြောင်း သိရှိရသည်။
 
ကန်ထရိုက်စနစ်များကို ဖျက်သိမ်းပြီးနောက် ဖိနပ်အပ်ခနှင့် သန့်စင်ခန်းအသုံးပြုခတို့ကို အလှူခံပုံးများထားရှိကာ ဂေါပကအဖွဲ့ဝန်ထမ်းများနှင့် မတ်လ ၆ ရက်နေမှစတင်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ရုံးအဖွဲ့မှူးထံမှ သိရှိရသည်။
 
လက်ရှိတွင် ကန်ထရိုက်စနစ်နှ၍့်လုပ်ကိုင်ခဲ့သူများ၏ ပစ္စည်းများ ပြန်လည်သိမ်းယူ ဖျက်ပစ်ခြင်းစတာတွေ လုပ်ဆောင်နေသည့်အတွက် အချိန်ပေးထားခြင်းဖြစ်ပြီး မတ်လ ၆ ရက်နေ့မှ စတင်နိုင်မည်ဖြစ်သည်။ 
တန်ခိုးကြီးဘုရားများမှာ ဘဏ္ဍာရေးတောင့်တင်းသည့်အတွက် ဖိတပ်အပ်ခ၊ သန့်စင်ခန်းအသုံးပြုခ စသည်တို့ကို ပြည်သူများအတွက် ဝန်ဆောင်မှု ဖြည့်စွက်ပေးခြင်းက ပြီး ဝန်ဆောင်မှုများအတွက် ပြည်သူက သဒ္ဒါရှိသလောက်လှူဒါန်းခြင်းကလွဲရင် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားအားလုံးမှာ ဝန်ဆောင်မှုအပြည့် ပေးသင့်ကြောင်း သာသနာရေးဦးစီးဌါန ဒုတ်ယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောကြားခဲ့သည်။
 
Ref:7Day
 

03 Mar 2017     1,222 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS