မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ယူနီဖောင်းမဝတ်ဆင်ပါက စာသင်ခန်းတွင်းဝင်ခွင့်ပြုမည်မဟုတ်
06 Mar 2017 2,688 Views

ယခုလာမည့် တက္ကသိုလ်ပညာသင်နှစ်မှ စတင်ကာ မိတ္ထီလာစီးပွားရေးတက္ကသိုလ်သို့ တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများအတွက် ယူနီဖောင်းသတ်မှတ်လိုက်ပြီဖြစ်၍ ယူနီဖောင်း ဝတ်ဆင်ခြင်းမရှိပါက ကျောင်းတက်ခွင့်မပြုတော့ကြောင်း မိတ္ထီလာစီးပွားရေးတက္ကသိုလ်အသိုင်းအဝိုင်းမှ သတင်းရရှိသည်။

ယူနီဖောင်းအတွက် ဒီဇိုင်းများ ယှဉ်ပြိုင်ရွေးချယ်ခဲ့ကြပြီးနောက် သတ်မှတ်လိုက်သည့် ယူနီဖောင်းဒီဇိုင်းမှာ ကျောင်းသားများအတွက် ဆင်စွယ်ရောင် စတစ်ကော်လာလက်ရှည်အင်္ကျီ (သို့မဟုတ်) ရှပ်အင်္ကျီလက်ရှည်နှင့် လုံခြည်။ ကျောင်းသူများအတွက် ဆင်စွယ်ရောင် ရင်ဖုံးလက်စက(တံတောင်ဆစ်ဖုံး) သို့မဟုတ် ရင်စိလက်စကနှင့် ထမီတို့ ဝတ်ဆင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ယူနီဖောင်းဝတ်ဆင်မှုကို လာမည့် ပညာသင်နှစ်တွင်စတင်မည်ဖြစ်ပြီး တနင်္လာ သောကြာနေ့များတွင် ယူနီဖောင်း မဝတ်ဆင်ပါက စာသင်ခန်းအတွင်းသို့ ဝင်ခွင့်ပြုမည် မဟုတ်ကြောင်း အသိပေးကြော်ငြာထားကြောင်း အတည်မပြုနိုင်သေးသော သတင်းရရှိသည်။
Ref: Meiktila University of Economics







