BEC-TERO TV

မြန်မာဘုရင်များကို သိက္ခာကျစေသော ထိုင်းရုပ်သံဇာတ်လမ်းတွဲ "မီးလျှံရှင်မ"

06 Mar 2017     1,945 Views


မြန်မာဘုရင်လက်ထက်ပုံစံ ရိုက်ကူးပုံဖော်ပြသနေသည့် ထိုင်း နိုင်ငံက တီဗီဇာတ်လမ်းတွဲတစ်ခု သည် မြန်မာနိုင်ငံသားအချို့ကို ဒေါသအမျက်ထွက်စေခဲ့ပြီး အဆို ပါဇာတ်လမ်းတွဲကို ထုတ်လွှင့်မပြ သရန် တောင်းဆိုနေကြသည်။
 
ထိုင်းဘာသာဖြင့် ‘ပီလရမ် ဖရာနမ်’၊ အင်္ဂလိပ်ဘာသာဖြင့် ‘A Lady's Flames’ (အမျိုးသမီး တစ်ဦး၏ မီးလျှံများ) အမည်ရနန်း တွင်း ရုပ်သံဇာတ်လမ်းတွဲသည် မြန်မာ့ယဉ်ကျေးမှုနှင့်သင့်လျော် ခြင်းမရှိဘဲ ၁၉ ရာစု ကုန်းဘောင် မင်းဆက်အကြောင်းကို ခပ်ပါးပါး ထည့်သွင်းထားပြီး အဆိုးမြင်ဖြင့် ပုံဖော်ရိုက်ကူးပြသထားသည်ဟု မြန်မာနိုင်ငံသားအချို့က ပြော ကြားပြီး မကျေမနပ်ဖြစ်နေသည်။
 
အဆိုပါ ဇာတ်လမ်းသည် စိတ်ကူးယဉ်ပုံဖော်ထားသော မြို့ တော်တစ်ခုက နန်းတွင်းမှ အနန်တစ် ဆိုသည့် အမျိုးသမီး တန်ခိုးအာဏာတက်လာပုံကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။ မြန်မာဟု တိုက်ရိုက် မကိုးကားညွှန်းဆိုသော်လည်း အဝတ်အစားနှင့် ဇာတ်လမ်းမှာ မန္တလေးတွင် အခြေတည်ထားကြောင်း ထင်ရှားသိသာစေသည်။
 
‘‘ဘုရင့် အဆက်အနွယ် တော်တွေ သက်ရှိထင်ရှားရှိချိန် မှာ ဒီလိုပြဇာတ်မျိုးကို ဖန်တီး မရိုက်ပြသင့်ဘူးလို့ မြန်မာပြည် က လူတွေက ပြောနေကြတယ်။ အထူးသဖြင့် ဒီဇာတ်လမ်းရဲ့ အဓိကကျောရိုးက မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျဆုံးခဲ့ရမှုကို မင်းတုန်းမင်းနဲ့ သီပေါမင်းရဲ့ မိဖုရားတွေကို အပြစ်ဖို့ထားတဲ့အ တွက်ပေါ့’’ဟု မြန်မာ့သမိုင်းကျွမ်း ကျင်သူ ဆတ်ဘ်ဟတ်ထရာဘွန် မိပရာဟတ်စ်က ပြောကြားသည်။
 
တော်ဝင်မိသားစုများကို ဂုဏ် သိက္ခာကျဆင်းအောင် လုပ်ခြင်း လား၊ အဆိုပါ နန်းတွင်းဇာတ်လမ်းတွဲထဲမှ ဇာတ်ကောင် အနန်တစ်နှင့် ၁၈၇၉ က သီပေါဘုရင် နန်းဆက်ခံရစေရန် ဘုရင့်သား တော်၊ သမီးတော် ၁၀၀ ခန့်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်စေခဲ့သော မြန်မာသမိုင်းမှာရှိခဲ့သည့် ဆင်ဖြူမရှင်မိဖုရားကြီးတို့သည် အလွန်ဆင်တူသည်။
ပြီးခဲ့သည့်လ၌ မြန်မာ့သမိုင်းကျွမ်းကျင်သူ ဆတ်ဘ်ဟတ်ထရာ ထိုဇာတ်လမ်းတွဲမှ ဇာတ်ကောင်များနှင့် မန္တလေးနောက်ဆုံးနန်းဆက်က လူပုဂ္ဂိုလ်များကို နှိုင်းယှဉ်ပြခဲ့သည်။ ဇာတ်ကောင် အနန်တစ်ကို ဆင်ဖြူမရှင်မိဖုရားအဖြစ်၊ ဇာတ်ကောင်မူရမ်ကွန်ကို မင်းတုန်းမင်းအဖြစ်၊ ဇာတ် ကောင် မန်ဖာကို သီပေါမင်းနှင့် ပင်မနီးကို မိဖုရားစုဘုရားလတ်ဖြစ်သည်ဟု သူကယှဉ်ပြခဲ့၏။
 
တကယ်တမ်းတွင် ထိုင်းနိုင်ငံသည် ဟောလိဝုဒ်ရုပ်ရှင်ကား ‘The King and I’ကိုလည်း ထိုင်းယဉ်ကျေးမှုနှင့် မသင့်လျော်ဘဲ ထိုင်းဘုရင်ကို ဂုဏ်သိက္ခာကျ ဆင်းစေသည်ဆိုပြီး ကန့်ကွက်မှုများကြောင့် ၁၉၅၆ ကတည်းက ပိတ်ပင်ထားခဲ့သည်။ ယခုအခါ မရှိတော့သည့် သူတို့၏ မင်းဆက် ဘုရင်ဟောင်းကို လေးစားမှုမရှိ သိက္ခာကျဆင်းအောင် ပုံဖော် ထားသည့်အတွက် စိတ်မချမ်းသာ ဖြစ်စေခဲ့သည်။
 
မြန်မာပြည်သူအချို့ကို ‘‘မင်းတုန်းမင်းနဲ့ သီပေါမင်းအ ကြောင်း ဒီထိုင်းဇာတ်ကားဟာ မြန်မာဘုရင်တွေကို သိက္ခာကျအောင် စော်ကားထားတာပဲ။ နှစ်နိုင်ငံ တော်ဝင်မိသားစုတွေအ ကြား အပြန်အလှန်လေးစားမှုကို ထောက်ထားပြီး သက်ရှိထင်ရှားရှိနေတဲ့ အနွယ်တော်တွေက ဒီ ဇာတ်လမ်းတွေကိုရပ်ဖို့ ပြင်းပြင်း ထန်ထန်တောင်းဆိုတယ်’’ဟု ချိုလေးအမည်ရှိ မြန်မာဖေ့စ်ဘွတ်ခ် သုံးစွဲသူတစ်ဦးက အင်္ဂလိပ်ဘာ သာဖြင့် ရေးသားထားသည်။ သူ သည် အဆိုပါနန်းတွင်းဇာတ်လမ်း တွဲကို ရပ်နားရန် တောင်းဆိုထား သည့် မြန်မာဖေ့စ်ဘွတ်ခ်သုံးစွဲသူ များထဲမှ တစ်ဦးဖြစ်သည်။
 
စရိုက်ဆိုးတဲ့ ဘုရင့်အနွယ်တွေ
 
မကြာသေးမီက ပြသခဲ့ သည့် နရာဆူဝမ်ရုပ်ရှင်နှင့်အလား တူ ထိုင်းဇာတ်ကားတွဲများဖြစ် သော ၂၀၀၀ ပြည့်နှစ်က ရိုက်ကူးခဲ့သည့် ဘန်ရန်ဂွနန်တိုသည် မြန်မာများက ထိုင်းနိုင်ငံကို ကျူးကျော်ခဲ့သည့် ဇာတ်လမ်းဇာတ်ကောင်စရိုက်များအပေါ် အခြေခံထားသည်။
 
ထိုကားများမှာ မြန်မာများကို လူတော်များ၊ တစ်ခါတစ်ရံ လူဆိုးလူကြမ်းများအဖြစ် ပုံဖော်ထားပြီး ထိုင်းမင်းမျိုးမင်းနွယ်အဖြစ် သရုပ်ဆောင်သူဇာတ်ကောင်များကို မြင့်မြတ်သော စစ်သားကောင်းများနှင့် ဂုဏ်သရေရှိ အ မျိုးသမီးကောင်းများအဖြစ် ပုံ ဖော်ထားသည်။ များသောအားဖြင့် မြန်မာဇာတ်ကောင်များမှာ မကောင်းသောစရိုက်များရှိသည့် လူများအဖြစ် ဇာတ်လမ်းများတွင် ပုံဖော် ထားသည်။
 
အဆိုပါဇာတ်လမ်းတွဲထဲပါ ဖန်တီးထားသည့် မွတ်ထစ်အမည်ရှိ မြို့တော်က မင်းမျိုးမင်းနွယ်များသည် သူတို့လုပ်ချင်တိုင်း မကောင်းမှုများကို လုပ်ဆောင်ကြသည်။ သူတို့က အော်ဟစ်ကြိမ်း မောင်းသည်။ ပါးရိုက်သည်။ နိုင်ငံခြားသား ကိုလိုနီများနှင့် အိပ်ကြသည်။ မုဒိမ်းကျင့်သည်။ လူသတ်သည်။ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး သူတို့ကိုယ်သူတို့ နိုင်ငံထက် ပိုကြီးမြတ်သောနေရာမှာ ထားကြသည်။
 
‘‘နင့်အစ်ကိုက ငါ့အဖေရဲ့ ရွှေသလွန်ကို ယူခဲ့တယ်။ နင်ကလည်း ငါ့မိဖုရားဖြစ်ရမယ့်နေရာ ကို ယူခဲ့တယ်။ နင့်ရဲ့ စီးတော် ပေါင်းမိုးဘေးက ရွှေလင်ပန်းမှာ သွေးစွန်းနေရင် ဘာအဓိပ္ပာယ်မှ မရှိဘူး’’ဟု ဒုတိယမြောက် တီဗီ ဇာတ်လမ်းတွဲမှ ဇာတ်ကောင် အနန်တစ်က အော်ဟစ်ပြောဆို ခဲ့သည်။
 
ထိုကဲ့သို့ လိမ်ညာကောက် ကျစ်လှည့်ဖြားတတ်သည့် အမျိုးသမီး ဇာတ်ကောင်စရိုက်များက နန်းတော်ထဲက မင်းမျိုးမင်းနွယ် အမျိုးသမီးများကို ကိုယ်စားပြု ထားသည်။ ထိုအမျိုးသမီးများကြောင့် ဇာတ်လမ်းတွဲထဲက မြန် မာမင်းမဟုတ်သည့် မင်းဆက်သည် အဆုံးသတ်ကျဆုံးခဲ့ရသည်။ ထိုကဲ့သို့ ဖန်တီးရိုက်ကူး ချက်များသည် မြန်မာပြည်က ကြည့်ရှုသူများကို ဒေါသထွက်စေသည်ဟု ဆတ်ဘ်ဟတ်ထရာက ဆိုသည်။
 
စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာ
 
ယခုကဲ့သို့ ပြစ်တင်ဝေဖန် မှုများရှိလင့်ကစား အဆိုပါတီဗီ ဇာတ်လမ်းတွဲထုတ်လုပ်သူ ချစ်ထရာလဒါဒစ်ဆေရန်နွန်က ဒီနန်းတွင်းဇာတ်လမ်းသည် မြန်မာနိုင်ငံနှင့် ဆက်စပ်မှုမရှိဘဲ စိတ်ကူးယဉ်ဖန်တီးမှုပါဟု ဆိုသည်။ ဇာတ်ကောင်များ၏ အဝတ်အစားနှင့် ဇာတ်လမ်းအခြေတည်မှု ကလည်း မည်သည့်တိုင်းပြည်၊ ခေတ်တစ်ခေတ်ကို ပြန်လည် ဖော်ကျူးထားခြင်းမဟုတ်ဟု ငြင်းဆိုပါသည်။
 
ဆင်တူမှုရှိရှိ၊ မရှိရှိ ဒီဇာတ်လမ်းက မည်သူ့ကိုမျှ တိုက်ခိုက်ထားခြင်းမရှိဟု အနန်တစ်အဖြစ် သရုပ်ဆောင်သူ ဇာတ်လမ်းတွဲ၏ အဓိက ဇာတ်ဆောင်မင်းသမီး ပတ်ချရာပကလည်းဆိုသည်။
‘‘ဒီဇာတ်လမ်းထဲက ဘာတစ်ခုမှ မြန်မာကို ရည်ရွယ်မထားတဲ့အတွက် ကျွန်မကတော့ စိတ်မပူပါဘူး။ ဒါက စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်ပါ။ အပြင်မှာ ရှောင်လွှဲလို့မရတဲ့အရာတွေကို လူတွေ ဇာတ်လမ်းနဲ့ နှိုင်းယှဉ်နေကြတာလို့ ကျွန်မထင်ပါတယ်’’
 
အဆိုပါဇာတ်လမ်းကို ရပ် နားဖို့ တောင်းဆိုသူများကိုလည်း သူတို့သိပ်များသွားပြီဟု မင်းသမီး ပတ်ချရာပကပြောသည်။
‘‘အဲဒီလောက်ထိကို ဖြစ်သွားပြီလား။ ကျွန်မ ဒီဇာတ်လမ်းကို ပြန်ပြီးကြည့်ဦးမယ်။ ဒီဇာတ်လမ်းက တစ်ခုခုကို ရည်ရွယ်ထားတယ်ဆိုရင်တော့ ထုတ်လွှင့်ဖို့ မသင့်ဘူးပေါ့နော်။ ဒါပေမဲ့ ဟုတ်မှမဟုတ်တာလေ။ ဒါက ဖြေဖျော် ရေးသက်သက်ပါပဲ’’
 
အဆိုပါဇာတ်လမ်းကို အဆင်အပြင် ပြောင်းနေသော်လည်း ပြဿနာတက်စေနိုင်သည့် မြန်မာဘုရင်ကို တိုက်ခိုက်ထားသည့် အချက်များက ပျောက်မသွားဟု သမိုင်းပညာရှင် ဆတ်သ်ဟတ်ထရာက ဆိုသည်။
‘‘ဇာတ်လမ်းဖန်တီးသူတွေ ကို ဝတ်စုံတွေကို ပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇာတ် လမ်းနောက်ခံ အသွင်အပြင်က မြန်မာပြည်အကြောင်းပဲလို့ လူတွေက သိနေတုန်းပဲ’’
ခေါင်းပေါင်းပေါင်းထားပြီး အမည်းရောင် အိုင်းလိုင်နာများ နှင့် အမျိုးသားများ၊ ဆံပင်ရှည် ကြီးများကို ပန်းများ၊ ကျောက် မျက်ဆံထိုးများဖြင့် ထုံးဖွဲ့ထား သော လုံချည်ဝတ်ထားသည့် အမျိုးသမီးများပါသည့် အဆိုပါ ဇာတ်လမ်းတွဲပါ ဝတ်စုံများနှင့် ဇာတ်အဆင်အပြင်သည် ထိုင်း မီဒီယာထဲမှာ မြန်မာကို ကိုယ်စားပြု ဖော်ပြထားမှုကို သိသာထင် ရှားစေ၏။
 
‘‘နန်းတွင်းဇာတ်မှာ သမိုင်း နောက်ခံအချက်တချို့ ပြောင်းထားတာ မှန်ပါတယ်။ ဒါပေမဲ့ မြန်မာတွေ ဘယ်လိုခံစားရမယ် ဆိုတာနားလည်သင့်တယ်။ ဒီဇာတ်လမ်းက ဆူရီယိုထိုင်းအကြောင်းလို့သာ တွေးကြည့်ပါလား။ ဒါက တကယ်ကို ဆတ် ဆတ်ထိမခံနိုင်မယ့်ကိစ္စပါ’’
 
‘A Lady’s Flames’အမည်ရှိ ဇာတ်လမ်းတွဲကို ထိုင်း Kantana Group အုပ်စုက တင်ဆက်ပြီး သောကြာ၊ စနေ၊ တနင်္ဂနွေတွင် ည ၈ နာရီခွဲ၌ ထိုင်းချန်နယ်-၇ မှ ထုတ်လွှင့်ပြသနေသည်။ အဆိုပါ ဇာတ်လမ်းတွဲသည် ထိုင်းစာ ရေးဆရာများ ရေးသားခဲ့သည့် ‘The Fall of the Burmeses’နှင့် Prince Damrong Rajanubab’s ‘Journey Through Burma in 1936:A View of the Culture, History and Institutions’ကို အခြေခံ ဇာတ်ညွှန်းရေးဖွဲ့ထားသည်။
 
Credit:7DayNewsJournal

06 Mar 2017     1,945 Views




RELATED

Most Popular of Special or Others

Most Popular of NEWS