BEC-TERO TV

ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် မိုး/ဇလမှ ဒုဦးစီးမှူး မရှုမလှသေဆုံး

06 Mar 2017     1,387 Views


မတ်လ ၅ ရက်နေ့(မနေ့)က မြစ်ကြီးနားမြို့တွင် လုပ်ငန်းသုံး ဂတ်စ်အိုးပေါက်ကွဲခဲ့သဖြင့် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌါန ဒုတိယဦးစီးမှူး ဦးဘရန်ရှောင် (၄၅ နှစ်) ဦးခေါင်းပြတ်ကာ သေဆုံးခဲ့ကြောင်း ပြည်နယ် ပြန်/ဆက်မှ သတင်းရရှိသည်။
 
 
 
 
မြစ်ကြီးနားမြို့ ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန ရုံးဝင်းအတွင်း ဝန်ထမ်းအိမ်ရာ၌ နေထိုင်သော ဒုတိယဦးစီးမှူး ဦးဘရန်ရှောင်သည် နေအိမ်လိုင်းခန်း အနောက်ဘက်၌ မိုးပျံပူဖေါင်းပြုလုပ်ရန် ဂတ်စ်အိုးစပ်နေစဉ် ရုတ်တရက်ပေါက်ကွဲခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်မှာ ပေး ၂၀ ခန့်လွင့်စင်သွားခဲ့ပြီး ဦးခေါင်းမှာ အခြားအိမ်တစ်လုံး၏ ခေါင်းမိုးပေါ်သို့ ပြတ်ထွက် လွင့်စင်ကာ မီးလောင်ဒဏ်ရာများနဲ့ သေဆုံးသွားကြောင်း သတင်းရရှိသည်။
 
Source:ပြည်နယ်ပြန်/ဆက်
 

06 Mar 2017     1,387 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS