BEC-TERO TV

ထိုင်းအစိုးရဝက်ဘ်ဆိုက် ၅၀ ကျော်ကို မြန်မာဟက်ကာအဖွဲ့ တောက်လျှောက်တိုက်ခိုက်

06 Mar 2017     1,373 Views


ပြီးခဲ့တဲ့ရက်က ထိုင်းလိပ်ကျွန်းအမှုမှာ စပ်စွဲခံ မြန်မာနိုင်ငံသားနှစ်ဦးအပေါ်  ပြစ်မှုထင်ရှားတယ်ဆိုပြီး ထိုင်းကော့စမွေ တရားရုံးက သေဒဏ်အမိန့်ချမှတ်ခဲ့တာကြောင့် ထိုင်းအစိုးရဝက်ဘ်ဆိုက် ၅၀ ကျော်ကို မတ်လ ၃ ရက်နေ့ မ နက် ပိုင်းက မြန်မာဟက်ကာအဖွဲ့က တောက်လျှောက်တိုက်ခိုက်ခဲ့ကြောင်း Brotherhood of Myanmar Hackers ပေ့ခ်ျမှာ ဖော်ပြထားချက်အရသိရပါတယ်။ Brotherhood of Myanmar Hackers မြန်မာဟက်ကာ အဖွဲ့တစ်ဖွဲ့က ထိုင်းနိုင်ငံအစိုးရ ဝက်ဘ်ဆိုက်ပေါင်း ၅၃ ခုကို မနေ့မနက် ၅းဝ၀ နာရီလောက် စတင်တိုက်ခိုက်ခဲ့ တာ ဖြစ် တယ် လို့ Br-otherhood of Myanmar Hackers က သူတို့ရဲ့ ပေ့ခ်ျမှာ ဖော်ပြထားပါတယ်။ ဝက်ဘ်ဆိုက် ၅၀ ကျော်ကို တိုက်ခိုက်ပြီးတဲ့ နောက်မှာပဲ နောက်ထပ် ထိုင်းအစိုးရဝက်ဘ်ဆိုက်တွေ ဖြစ်တဲ့ http:// www.thaigovweb.com, http://sala kao.com/, http://songpeenongrotary club.com/, http://www.hereping. com စတာတွေကို နေ့လယ်ပိုင်းမှာ တောက်လျှောက်ထပ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်ပုံကတော့ ဝက်ဘ်ဆိုက်တွေကို deface လုပ်တဲ့ ပုံမျိုးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲသည်မှာ “Hello Thailand Government and People. This time, we come to ur cyber space is not to sent message to u. Why we step up is to ask a question. What Is The Law in Thailand” ဆိုပြီး စာတန်း တွေကို deface တင်ထားကြပါတယ်။ သည်ကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ထိုင်းအစိုးရဘက်က တုံ့ပြန်တာ မျိုးမရှိသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း လိပ်ကျွန်းအမှုမှာ မြန်မာနှစ်ဦးကို မတရားစွပ်စွဲခဲ့တာကြောင့် နာမည်ကြီး မြန်မာဟက်ကာအဖွဲ့ဖြစ်တဲ့ Blink Hacker Group (BHG) က ထိုင်းအစိုးရ ဝက်ဘ်ဆိုက်ပေါင်း ၅၀ဝ  ကျော်ကို တိုက်ခိုက်ခဲ့ ပါ တယ်။ BoyCott Thailand m˙a  BHG လုပ်ဆောင်ချက်တွေကတော့ ပထမအဆင့် ထိုင်းရဲတပ်ဖွဲ့ဝက်ဘ်ဆိုက် ၂၀ဝ  ကျော်ကို ဟက်ကင်းလုပ်ခဲ့ပါတယ်။ ဒုတိယအဆင့် အနေနဲ့ ထိုင်းတရားရုံး ဝက်ဘ်ဆိုက်ကို ဟက်ခဲ့ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ထိုင်းအကျဉ်းထောင်ဝက်ဘ်ဆိုက်ပေါင်း ၃၀ဝ ကျော်ကို ဟက်ခဲ့ပြီး အရေးကြီးတဲ့ data-base တွေ ရယူခဲ့တဲ့အပြင် အကျU်းထောင် ဆာဗာမှာရှိတဲ့ data-base တွေ backup file တွေ အားလုံးကိုလည်း ဖျက်ဆီးခဲ့ပါ တယ်။

အဲဒါကြောင့် ထိုင်းရဲတပ်ဖွဲ့ဘက်က BHG အဖွဲ့ကို  ဖမ်းဝရမ်းထုတ်ခဲ့ပြီး သူတို့ ရဲ့ IP လိပ်စာကိုပါ ခြေရာခံခဲ့တယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ BHG ရဲ့တိုက်ခိုက် မှုအပြီး ထိုင်းအစိုးရဆိုက်တွေက တစ်ပတ်ကျော်ကျော်အထိ recovery မလုပ်နိုင်တဲ့အတွက် BHG အနေနဲ့ database backup file တွေ ပြန်ပေးခဲ့တာဖြစ်ကြောင်း BHG နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။ ထိုင်းလိပ်ကျွန်းလူသတ်မှုမှာ စွပ်စွဲခံ မြန်မာနှစ်ဦးနဲ့ ပတ်သက်ပြီး တရားမျှတမှု မရှိဘူးလို့ဆိုကာ ထိုင်းအစိုးရကို ဖိအားပေးတဲ့အနေနဲ့ BHG အဖွဲ့နဲ့ Anonymous အဖွဲ့တို့က အစိုးရဌာနပိုင်ဝက်ဘ် ဆိုက်တွေကို ပြီးခဲ့ တဲ့ ၂၀၁၅ ဒီဇင်ဘာလမှာ သုံးကြိမ်ထက် မနည်းတိုက်ခိုက်ခဲ့ပြီး ဝက်ဘ်ဆိုက်ဆာဗာတော်တော်များများရဲ့ ဒေတာအချက်အလက်တွေကို ဖွင့်ချခဲ့တာ ဖြစ်ပါတယ်။

Credit : kumudranews


06 Mar 2017     1,373 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS