BEC-TERO TV

ချစ်စဖွယ်မျက်နှာပေးနဲ့ ဖေ့စ်ဘွခ်မှာ ဆယ်လ်ဖီပုံတင်မိလို့ မီးရှို့ခံခဲ့ရသူ

06 Mar 2017     1,297 Views


ထိုင်းအမျိုးသမီးတစ်ဦးက သူမရဲ့ ဖေ့စ်ဘွခ်စာမျက်နှာပေါ်မှာ ချစ်စရာမျက်နှာပေးနဲ့ ဆယ်လ်ဖီပုံ တစ်ပုံတင်ခဲ့မိတဲ့အတွက် ယောက်ျားဖြစ်သူက မျက်နှာကို မီးတင်ရှို့ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
 
အသက် ၂၈ အရွယ် ချတ်ချာဝမ်တာရင်ရဲ့ ယောက်ျားဖြစ်သူ နဒ်နဖာ နောင်ခူးလ် အသက် ၂၆ နှစ်က အလွန်အမင်းသဝန်တိုတတ်သူဖြစ်ပြီး သူတို့နှစ်ဦး လပ်ထပ်ပြီးချိန်မှ စတင်ကာ မိန်းမအပေါ် သဝန်ကြောင်ပြီး ပိုင်စိုးပိုင်နင်း ရင့်သီးစွာ ပြောဆိုဆက်ဆံမှုတွေ ပြုလုပ်လာပါတယ်။
 
သားနှစ်ဦး ထွန်းကားခဲ့ပြီး အိမ်ထောင်သက် ၁၃ လ အကြာမှာတော့ လင်ယောက်ျားဖြစ်သူ၏ သဝန်တိုမှုကြောင့် ချတ်ချာဝမ်တာရင်ရဲ့ ဘဝပျက်ဆီးသွားခဲ့ရပါတယ်။ 
တစ်ရက်မှာ သူမ မီးဖိုထဲမှာ ချက်ပြုတ်နေတုန်း သူ့ယောက်ျား နောက်ကနေရောက်လာကာ သူမ၏ ခေါင်းပေါ်သို့ ဓါတ်ဆီများ လောင်းချခဲ့ပါတယ်။ သူမက လန့်သွားပြီး နောက်ပြန်လှည့်ကြည့်ချိန်မှာတော့ ခင်ပွန်းဖြစ်သူက မီးတောက်နေတဲ့ မီးခြစ်ဆံကို မျက်နှာဆီပစ်လွှတ်ပြီး အရှင်လတ်လတ် မျက်နှာကို မီးရှို့ခဲ့ပါတယ်။
 
သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး မချိမဆံ့အပူလောင်ဒဏ် ခံစားခဲ့ရပြီး ယခုဆိုရင် အရေးကြီးတဲ့ ခွဲစိပ်မှု သုံးကြိမ် ပြုလုပ်ခဲ့ရပြီး နောက်ထပ်ခွဲစိပ်ရဦးမယ့် အခြေအနေရှိနေပါတယ်။ သူမရဲ့ ပါးစပ်နဲ့ ညာဖက်လက် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ပြီး အခုဆိုရင် အစားအသောက် စားဖို့တောင် အခက်အခဲ ရှိနေပါတယ်။
 
ကျွန်မ မီးလောင်ခံနေရတဲ့အချိန်မှာ ကျွန်မသိလိုက်တာက ငရဲဆိုတာ တစ်ကယ်ရှိပါလား ဆိုတာပါပဲ၊ အဲဒီအချိန်မှာ ကျွန်မရဲ့ နာကျင်မှုနဲ့ ကြောက်လန့်မှုဝေဒနာ ဘယ်လောက်ဆိုးရွားတယ်ဆိုတာကို ဘယ်လိုမှကို မှန်းဆလို့မရပါဘူး” ဟု ဆိုပါတယ်။
 
သူမရဲ့ ယောက်ျား နဒ်နဖာ နောင်ခူးလ်ကို ဖမ်းဆီးထားပြီး အာမခံလုံးဝမရကြောင်း သိရှိရသည်။
 

06 Mar 2017     1,297 Views




RELATED

Most Popular of Special or Others

Most Popular of NEWS