BEC-TERO TV

ဆန္ဒပြင်းပြလွန်းလို့ နွားနှင့်လိင်ဆက်ဆံခဲ့သူကို ရဲကလိုက်လံဖမ်းဆီး

06 Mar 2017     21,313 Views


ထိုင်းနိုင်ငံရှိ လယ်သမားတစ်ဦး၏ နွားအား လူတစ်ယောက်မှ ကိုလုံးတီးချွတ်နှင့် လိင်ဆက်ဆံနေသည်ကို အသက် ၆၅ နှစ်အရွယ် ပိုင်ရှင်ဖြစ်သူက တွေ့ရှိခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ လူများကို အကူညီတောင်းကာ ဖမ်းဆီးခဲ့သော်လည်း ထိုသူမှာ ကိုလုံးတီးချွတ်နှင့် နီးရာအိမ်တစ်လုံးရှိ ကားဂိုဒေါင်သို့ ဝင်ပြေးကာ ရေချိုးခန်းအတွင်း ဝင်ရောက်ကာ ပုန်းအောင်းနေခဲ့သည်။
 
 
နံနက် ၉ နာရီခွဲခန့်တွင် ရဲများ သတင်းရရှိခဲ့ပြီးနောက် ရောက်ရှိလာကာ နေအိမ်အတွင်းရှိ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးအား ကိုလုံးတီးချွတ်နှင့် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ ထိုသူအား ဖမ်းဆီးခဲ့သည့် ဗီဒီယို အင်တာနက်တင်ပျံ့နှံ့သွားခဲ့ပြီး အဆိုပါဗီဒီယိုတွင် ပြုံးဖြဲဖြဲမျက်နှာဖြင့် ရဲကားပေါ်လိုက်သွားသော ကိုယ်လုံးတီးချွတ်လူကို အံ့သြလျှက်ရှိနေခဲ့ကြသည်။
 
 
နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ကို ထွက်ဆိုချက်အရ သူ့စိတ်တွေ မထိန်းနိုင်ပဲ ဆန္ဒပြင်းပြနေသောကြောင့် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
 
Ref:mailonline
 

06 Mar 2017     21,313 Views




RELATED

Most Popular of Special or Others

Most Popular of NEWS