အကယ်ဒမီ မယူချင်သေးဘူးလို့ ပြောလာတဲ့ ရွှေမှုန်ရတီ
06 Mar 2017 1,590 Views
ရွှေမှုံရတီကတော့ ၂၀၁၆ ခုနှစ် အကယ်ဒမီမှာ သူမပါဝင် သရုပ်ဆောင်ထားတဲ့ ဘွန္တောကြက်သူခိုး ဟာ ရုပ်ရှင်စာရင်း ဝင်ထားပေမယ့် သူ့အတွက် ရန်ခုန်စရာ မရှိသေးပါဘူး အကယ်ဒမီကို သူ့မအနေနဲ့ မယူချင်သေးဘူးလို့ ပြောလာပါတယ် ။ ၂၀၁၇ မှာတော့ ငါ့အကယ်ဒမီ၊ မာယာစတိုင်၊ ဝိညာဉ်ကကြိုး ၊ ဟန်းနီးမွန်း စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ထားပြီး ကာရိုက်တာ အစုံကိုပဲ ပီပြင်အောင် သရုပ်ဆောင်ချင်သေးတယ်လို့ ပြောလာပါတယ်။
အသက် ၁၄ နှစ်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာသလို အနုပညာပျိုးခင်းရဲ့ မင်းသမီး တစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာခင်မှာ ရုံတင်တော့မယ့် ငါ့အကယ်ဒမီ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည်နဲ့ အပြိုင် သရုပ်ဆောင်ထားပြီး ပရိသတ်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်လို့ ပြောသွားခဲ့ ပါတယ် ။
Credit:7Day





