BEC-TERO TV

လောက်ကိုင်တွင် ရဲအယောင်ဆောင်ကာ တိုက်ခိုက်ခံရကာ ပြည်သူများသေဆုံးပြီး ယဉ်ထိန်း ၄ ဦးဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွား

07 Mar 2017     1,361 Views


လောက်ကိုင်မြို့တွင် MNDAA လက်နက်ကိုင်အဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကိုးကန့် ယာဉ်ထိန်းရဲ ၅ ဦးနှင့်ပြည်သူ ၅ ဦး သေဆုံးခဲ့ရပြီး ယာဉ်ထိန်းရဲ ၄ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
မတ်လ ၆ ရက် မနက် ၂ နာရီအချိန်ခန့်တွင် MNDAA လက်နက်ကိုင်အဖွဲ့ အင်အား ၃၀ ခန့်က ရဲတပ်ဖွဲ့ဝတ်စုံများ အယောင်ဆောင်ဝတ်ဆင်ကာ လောက်ကိုင်မြို့၏ အရှေ့ဘက်မှဝင်ရောက်ခဲ့ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တပ်စခန်း၊ ရဲစခန်းအဆောက်အဦများအား ပစ်ခတ်ခဲ့သည့်အတွက် အရပ်သားများ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ပြီး လူနေအဆောက်အဦနှင့် ဟိုတယ်များ ကားများမီးလောင်ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။
 
၎င်းအပြင် နောက်ထပ်အင်အား ၅၀ ခန့်ထပ်မံရောက်ရှိလားပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်းရဲ့ နေအိမ်ကို လာရောက်ပစ်ခတ်ခဲ့ကြသည်။ လောက်ကိုင်မြို့ရှိ ကျင်းတင်ဟိုတယ်ကိုလည်း ဝင်ရောက်ပစ်ခတ်ပြီး ဟိုတယ်ရှိ မော်တော်ယာဉ် ၄ စီးအား မီးရှို့ဖျက်ဆီးခဲ့ကာ ဖူလီလိုက် ဟိုတယ် ငွေသိမ်းကောင်တာအား ဓားပြတိုက် လုယက်မှု ကျူးလွန်ပြီး မနက် ၅ နာရီ ၁၀ မိနစ်တွင် အရှေ့ဘက် နှစ်နိုင်ငံနယ်စပ် BP-127 ဘက်သို့ ဆုတ်ခွာသွားရာ တပ်မတော်စစ်ကြောင်းများကလည်း လိုက်လံရှင်းလင်းနေဆဲဖြစ်သည်။
 
 
လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်မှုနဲ့အတူ တပြိုင်တည်းမှာလည်း နှစ်နိုင်ငံနယ်စပ် BP-125 နှင့် BP-127 အကြားရှိ တပ်မတော်စခန်းများကို ဝင်ရောက် တိုက်ခိုက်လျှက်ရှိကြောင်း သိရှိရသည်။ တိုက်ခိုက်မှုကြောင့် အ.မ.က (လောင်အဲချီ) မှ မူလတန်းပြ ဆရာမ ဒေါ်ပြာမှီ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ အများအပြားရှိနေပြီး၊ မီးရှို့ခံထားရသည့် အလောင်း ၂၀ အပါအဝင် လက်နက် ၁၀ လက်ခန့် ရရှိထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
 
Credit:DVB

07 Mar 2017     1,361 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS