BEC-TERO TV

ဒေါ်အောင်ဆန်းစုကြည်နှင့် ADB ဘဏ် ဒုဥက္ကဋ္ဌ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

07 Mar 2017     1,233 Views


-နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဒုတိယဥက္ကဋ္ဌ Mr.Stephen Groff တို့သည် မတ်လ ၆ ရက် ညနေက နေပြည်တော်၌ တွေ့ဆုံ၍ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များ ပူးပေါင်းဆောင်ရွက်ရေးဆွေး နွေးခဲ့ကြောင်း အစိုးရက သတင်း ထုတ်ပြန်သည်။

-အဆိုပါတွေ့ဆုံမှုတွင် မြန် မာနိုင်ငံ၌ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေး အပါအ၀င် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး စသည့်ကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည် ဟု သိရသည်။

-အလားတူ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် အာရှဖွံ့ ဖြိုးရေးဘဏ် (ADB) ဒုဥက္ကဋ္ဌ သည် နေပြည်တော်၌ တွေ့ဆုံ၍ အခြေခံအဆောက်အအုံကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ ပြည်ပပို့ကုန်ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍနှင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

-သမ္မတနှင့် ADB ဒုဥက္ကဋ္ဌတို့၏ တွေ့ဆုံပွဲကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။

Credit : 7daydaily


07 Mar 2017     1,233 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS