BEC-TERO TV

မြဝတီဈေးကြီးအတွင်း နေ့ခင်းကြောင်တောင် လက်နက်ကိုင်အဖွဲ့ မိန်းကလေးတစ်ဦးအား ပြန်ပေးဆွဲမှု ရုပ်/သံ

07 Mar 2017     1,339 Views


မတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မြဝတီမြို့ ဘရင့်နောင်ဈေးကြီးအတွင်း BGF တံဆိပ်ပါရှိသည့် ဝတ်စုံဝတ်ဆင်ထားသော လက်နက်ကိုင်အဖွဲ့များ မောင်တင်စိန်ရွှေဆိုင်အတွင်းသို့ ဝင်ရောက်ကာ အရောင်းစားရေး မထက်ထက်ဇော်ဖြိုးအား အဓ္ဓမဝင်ရောက်ကာ ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြောင်း မြဝတီမြို့ခံတစ်ဦး လူမှုကွန်ယက်တွင် တင်ထားခဲ့သော ဗီဒီယိုအရ သိရှိရသည်။
 
အဆိုပါ မောင်တင်စိန်ရွှေဆိုင်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကိုသန့်စင်အောင်၏ ရွှေဆိုင်အရှေ့တွင် ဖွင့်လှစ်ထားသော ဆိုင်ဖြစ်ပြီး ပြန်ပေးသမားများမှာ ယာဉ်အမှတ် 9C/1019 ၊ 97 မော်ဒယ် Mark II အမျိုးအစားယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ မြဝတီကဲသို့ လုံခြုံရေးဖြည့်တင်းထားသည့် မြို့ကြီးပေါ်သို့ လက်နက်ကိုင်အဖွဲ့များ မင်းမဲ့စရိုက်ဆန်ဆန် ပြုမှုခဲ့သည့်အပေါ် မြဝတီမြို့ခံများ သူတို့၏ လုံခြုံရေးအတွက် များစွာစိုးရိမ်မကင်း ဖြစ်နေကြကြောင်း သိရှိရသည်။
 
Credit:LwinOo
 
 

07 Mar 2017     1,339 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS