ကလေးတွေကို မိဘမျက်ကွယ်မှာ ဘာကြောင့်လွှတ်မထားသင့်လဲဆိုတာ
07 Mar 2017 2,247 Views
ကွန်ဒိုနေအိမ်တိုက်ခန်း ၉ လွှာ အမြင့်ခန့်ရှိတဲ့ အခန်းတစ်ခန်း၏ ဖွင့်ထားသော ပြတင်းပေါက်ကနေ လမ်းလျှောက်တတ်ကာစ ကလေးငယ်လေးတစ်ဦး ပြတင်းပေါက်အပြင်ကို ထွက်လာပြီး အပြင်ဘက် အုတ်ရိုးကပန်းလေးပေါ်မှာ ဟိုဘက်ဒီဖက် စမ်းတမ်း စမ်းတမ်းနဲ့ လျှောက်သွားနေတဲ့ဗီဒီယိုကို ကြည့်မိသူတိုင်း ရင်သတ်ရှုမောကာ မိဘဖြစ်သူကို ဒေါသအမျက်ချောင်းချောင်း ထွက်စေခဲ့ပါတယ်။
ပြတင်းပေါက် အပြင်ဘက်သို့ အတွင်းက မည်သို့ တက်လာသည်ကို မခန့်မှန်းနိုင်သော်လည်း လမ်းလျှောက်တတ်ကာစ ကလေးငယ်ကို မျက်စိအောက်က မခွာစောင့်ရှောက်သင့်သည့် မိဘမှာ အနားမှာ မရှိသည့်အတွက် ကလေးငယ်မှာ ဖွင့်ထားသော ပြတင်းပေါက် အပြင်ဘက်သို့ ထွက်သွားခဲ့ခြင်းဖြစ်သည်။
ကလေးငယ်မှာ ပြတင်းပေါက်ဘောင်ပေါ်တွင် တစ်မိနစ်နီးပါးခန့် လမ်းလျှောက်နေပြီးနောက်မှ အတွင်းဘက်မှ လူတစ်ဦးက ကမန်းကတန်း ဆွဲပွေ့ယူခဲ့ရသည့် အဖြစ်ပျက်ကို ကြည့်ရှုသူများ ဝေဖန်လျှက်ရှိကာ မိဘများအား သင်ခန်းစာယူသင့်ကြောင်း ပြောဆိုလျှက်ရှိသည်။
လွန်ခဲ့သော နှစ်ကလည်း ရန်ကုန်မြို့တွင် ကလေးတစ်ဦး အထပ်မြင့်တိုက်ခန်း ပြတင်းပေါက်မှ အပြင်သို့ ပြုတ်ကျခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် အောက်ထပ်ရှိ ဆန်းရှိတ်အမိုးပေါ်တွင် တင်ကာ အသက်ဘေးမှ သီသီလေးလွတ်ခဲ့ရဖူးသည်။ ထို့ကြောင့် ကလေးရှိသူမိဘများအနေနှင့် မျက်စိအောက်ကမခွာ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လှပါသည်။








